Silent P(12)

108 17 6
                                    

ဂျီဟွန်း အခန်းမှာ အိပ်ကြပေမယ့် ကောင်းကောင်း အိပ်မပျော်ကြ တော်ကြာ လုပ်ချင်ရာ ရှောက်လုပ်နေမှဖြင့် တညလုံး မှိုင်ထွေးလိုက် ငိုလိုက် ငေးလိုက် ဖြစ်နေတဲ့ သူငယ်ချင်းကိုကြည့်ရင်း ရူးသွားမည် တောင်စိုးရသည်
.
.
.
.
.
.
.
.
.
အခုလည်း ဆေးရုံသွားချင်ဆိုလို့ မနက်အစောကြီး လိုက်ပို့ပေးရသေးသည်
.
.
.
ဟွန်ူဆော့တ‌ေယာက် အခုဆို နိုးမလာတာ နှစ်ရက်တောင်ကျော်နေပါပီ

'ဟွန်းဆော့ကီး ဟျောင်း နိုးလာပါတော့ဗျာ'
'ကျေးဇူးပြုပီး နိုး လာပေးလို့မရဘူးလား'
ချစ်ရသူရဲ့ လက်ကလေးတဖက်က ဆေးသွင်းထားတာမို့ ကျန်လက်ကလေးတဖက်ကို သူရဲ့ လက်နှဖက်နဲ့ ဆုတ်ကိုင်ပြီး ကုတင်ဘေးတွင် ထိုင်တာ ငိုယို ဆုတောင်းနေမိသည်

ကုတင်ရဲ့ မျက်နှာချင်းဆိုင်ခုံတွင် ထိုင်နေတဲ့ ဂျယ်ဟျော့နဲ့ မာရှီဟိုကတော့ ဒီအခြေအနေကို စိတ်မကောင်းဖြစ်ရုံက လွဲလို့ မတတ်နိုင်ခဲ့ပေ

အမှောင်ထုကို ဖြတ်သန်းနေတဲ့ ကောင်လေးဆီကို ဆုတောင်းသံအချို့ က နားထဲပင် ဆွဲထင်လျက်

ကံတရားကတော့ ဆုတောင်းသံကို မျက်ကွယ် ပြုမှာ မဟုတ်

"ဂျီဟွန်းနား.."

အသံသဲ့သဲ့လေးက နားထဲတိုးဝင်လာသည် မို့ မျက်ရည်များကို သုတ်ကာ မော့ကြည့်မိတော့

"ဟျောင်း...!!!"

အသံက ဘယ်လောက်ကျယ်သည်မသိ အိပ်ငိုက်နေတဲ့ မာရှီဟိုနဲ့ ဂျယ်ဟျော့ အဖို့တော့ လိပ်ပြာလွင့်မတက်ပါပဲ ပြူးပြဲပီးထ လာကြသည်

"ဘာဖစ် ဘာဖစ်တာလဲ"

မာရှိဟိုက ဂျယ်ဟျော့ကို လက်တို့ပြီး ကုတင်ဘက်ကို မျက်လုံးနဲ့ ကြည့်ခိုင်းတော့

"ဟွန်းဆော့ နေအုံး ဆရာဝန်ခေါ်ပေးမယ်"

မာရှီဟိုက‌လည်း ဆာဟိတို့ဆီ ဖုန်းဆက်နေသည်

.
.
.
.
.
ခဏကြာ ဆရာဝန်ရောက်လာပီး ဆာဟိတို့ပါ ပါလာကြသည်

"ဒေါက်တာ အခြေအနေလေး"

"စိုးရိမ်စရာမရှိတော့ပါဘူးဗျ သွေးပေါင်ချိန်ရော နှလုံးခုန်နှုန်းပါ ပုံမှန်ပါပဲ နောက်ခါ ဂရုစိုက်ပါဗျာ nurseတွေတောင် ခများကိုကြည့်ပီး ဝမ်းနည်းနေကြတာ"

SILENT!!(Completed)Where stories live. Discover now