ဒီရက်ပိုင်း ဆာဟိတယောက် ခဏခဏ မူးလဲတတ်လို့ ရုတို၊ဂျီဟွန်းနဲ့ ဒိုယောင်းကတော့ သတိထားမိသည် အားနည်းတတ်လို့ ဖြစ်တာလို့ပြောသောကြောင့် ဘာမှတော့မမေးဖြစ်ခဲ့ မူးလဲတိုင်းလည်းနှာခေါင်းသွေးလျှံတတ်သေးသည် ဒီကြားထဲ ဂျယ်ဟျော့ကအရင်ကထက် ဆာဟိနားပိုကပ်တတ်လာသည်
စိတ်ပူနေတာကို နားလည်ပေမယ့် ဒါမဲ့စိတ်ပူတတ်လွန်း
တဲ့သူကြောင့် ဆရာဝန်နဲ့ဆွေးနွေဖို့အချိန်သိပ်မရှိခဲ့"ရုတိုရား ငါ ဟွန်းဆော့ကီးhyungကို သွားတွေ့လိုက်အုံးမယ်"
"အွန်း နေ့လည် အတန်းတက်မှာမလား"
"အင်း သွားပြီ"
ဂျီဟွန်း အတန်းတက်မှ အဖော်ရတော့မည် ဆာဟိကတော့ နေမကောင်းလို့ ဂျယ်ဟျော့ကီhyungက အတန်းမတက်ခိုင်းဘူး ဒိုယောင်းကတော့ ကော်ဖီဆိုင်က မာရှီhyung ညီဝမ်းကွဲနဲ့ တွဲပြီးတည်းက အတန်းကို ပုံမှန်မတက်တော့တာ မျက်နှာမြင်ရဖို့တောင် အချိန်ကြိုယူရမည့်ပုံ
"ဂျီဟွန်းတစ်ယောက်တည်းပါလား"
"ဆိုရီရား အေးဆေးနေပါဟာ ပိုင်ရှင်ရှိနေတာသိရက်နဲ့"
"ဘာဖြစ်လဲ ပိုင်ရှင်ရှိရင်မကြိုက်ရဘူးလို့အမိန့် ထုတ်ထားလို့လား"
"ဒါမဲ့ ဟူး နင်လုပ်ချင်ရာလုပ်တော့"
မနိုင်တဲ့အဆုံး လွှတ်ထားရတော့သည်
"ဂျီဟွန်းနား..."
ချစ်ရသူကိုတွေ့ချင်စိတ်ကများနေသည်မို့ ခေါ်သံမကြားမိ
ရှေ့ကပိတ်ရပ်ပီး လက်ပြတော့မှ
"ဘာတွေ တွေးနေလို့ခေါ်တာမကြားရတာလဲ"
"အာ ဟိုတစ်ခေါက်က"
စဉ်းစားနေစဉ်
"ဆိုရီပါ"
"အာ ဟုတ်တယ် ဆောတီးနော် ရုတ်တရက်ဆိုတော့"
"ဘယ်သွားမို့လဲ အခုက"
"အာ ကျနော့်ရည်းစားဆီကိုပါ"
"အော် ဒို့ကတော့ ရည်းစားမရှိဝူး"
"အော် မထားဝူးပေါ့"
"မရသေးတာပါ ချစ်ရမဲ့သူရှိပေမယ့် မပြောဖြစ်သေးဝူး"
![](https://img.wattpad.com/cover/321942836-288-k759360.jpg)