Silent P(14)

89 14 6
                                    

"ယိုရှီ သခင်လေး ပြန်လာပီလား ဒီနေ့တော့စောတယ်နော်"

လက်ထဲက laptop အိတ်ကိုယူလိုက်ရင် ဒေါ်ကြီးခီမိုဆိုလာသည်

"ဟုတ်တယ်လေ အရေးကြီးပုဂ္ဂိုလ်တွေ ရောက်နေမှတော့ ပြန်လာရတာပေါ့ သူတို့ရော"

ခေါင်းလေး ဝှေ့ကြည့်လိုက်‌ေတာ့တွေ့ပါပီ ဧည့်ခန်းထဲမှာ တီဗွီ ကြည့်နေကြသည်

သွားခေါ်ပေးဖို့ လုပ်နေတဲ့ ဒေါ်ကြီးကို ယိုရှီတားလိုက်သည်

"နေနေ ဒေါ်ကြီး ကျနော် ပဲသွားလိုက်မယ်"

ဒေါ်ကြီးခေါင်းငြိမ့်ပြကာ laptop အိတ်လေးယူကာ အပေါ်တက်သွားသည်

"ဟာမာဒါ အာဆာဟိ"

အသံကြောင့် ဆိုဖာပေါ်မှာထိုင်နေရင်း နှစ်ယောက်လုံး အကြည့်တွေက အသံလာရာဆီသို့

"ယိုရှိဟျောင်း"

ဂျယ်ဟျော့က ပြုံးပီးခေါ်တော့

ဆာဟိလေးက အကို့ဆီ ပြေးပီး ဖက်တော့သည်

"အမယ်လေး ငါတို့အငယ်လေး လွမ်းနေတာပေါ့"

ရင်ခွင်ထဲက ခေါင်းလေးထွက်ကာ

"အင်း"

ဆိုတဲ့တစ်လုံးသာ ထွက်လာခဲ့သည်

"ကဲကဲ ထိုင်ကြ အုံး အကိုလည်း ရေချိုးပြီးမှ ထမင်းတူတူ စားကြတာပေါ့"

"ဟုတ်ကဲ့"

ပြုံးပီးအပေါ်တက်ကိုတက်သွားဝောာ့ ဆာဟိတို့နှယောက်က တီဗွီသာ ဆက်ကြည့်နေကြသည်

အခန်းထဲရောက်တော့ စာကြည့်စားပွဲပေါ်က ဓာတ်ပုံလေးနှစ်ခု တစ်ခုက ယိုရှီတို့ မိသားစုလေးယောက်ဓာတ်ပုံဖြစ်ပြီး နောက်တစ်ခုကတော့ မိဘတွေ ဓာတ်ပုံသာ

မိဘတွေရဲ့ ဓာတ်ပုံလေးကိုကိုင်ကာ စကားတချို့ ဆိုလာသည်

"အဖေ အမေ အေးအေးချမ်းချမ်း ရှိနေကြတယ်မလား ကျနော်တို့ ညီကိုတွေလည်း သင့်"မြတ်" ရှိနေပါတယ်
ဆာဟိလည်း အရင်ကလို မဟုတ်တော့ဘူး ချစ်ရမဲ့သူရှိနေပြီ အဖေနဲ့အမေ ဒါမဲ့ ညီလေး ရောဂါက ထင်ထားတာထက်ဆိုးဝါးနေတယ် ကျနော် ညီလေးကို အဖေနဲ့အမေကို ကတိပေးထားတဲ့အတိုင်း အကောင်းဆုံးစောင့်ရှောက်သွားမှာပါ ကျနော်ချစ်ရတဲ့ သူတွေကို ထပ်ပြီး အဆုံးရှုံးမခံချင်တော့ဘူးဗျာ"

SILENT!!(Completed)Onde histórias criam vida. Descubra agora