"ဆာဟိရား ဂျယ်ဟျော့ကား ပြီးရင်သွားကြမယ် အောက်ဆင်းခဲ့ကြနော် အကိုကားထဲမှာစောင့်နေမယ်"
"ဒေါ်ကြီးခီမို လိုက်ခဲ့ချင်လား ဟင်"
"နေပါစေ သခင်လေးတို့ပဲသွားကြပါ ဒေါ်ကြီး အေးဆေး မှပဲသွားပါတော့မယ်"
"ဟုတ် ဒါဆို ကျနော်တို့သွားတော့မယ်နော် ညစာ မစားဖြစ်လောက်ဘူး ဒေါ်ကြီး"
"ကောင်းပါပီ သခင်လေး ယိုရှီ"
"သွားရအောင်လေ အကိုယိုရှီ"
"အင်း သွားကြတာပေါ့ ဒါဆို ဒေါ်ကြီး ကျနော်တို့ သွားလိုက်ပါအုံးမယ် ဦးလေး ခြံတံခါးလေး ပိတ်ပေးပါအုံးနော်"
"သွားလိုက်ပါအုံးမယ် ဒေါ်ကြီးနဲ့ဦလေး"
ဆာဟိနဲ့ ဂျယ်ေဟျာ့ပါ နှုတ် ဆက်ပြီး ကားထဲဝင်ကာ ထွက်လာခဲ့ကြသည် ယိုရှီနဲ့ ဂျယ်ဟျော့ကတော့ တစ်ယောက်တစ်လှည့်ကားမောင်းကြဝာာပေါ့နော်
ပင်တိုင်အိပ်နေသူလေးကတော့ ဟာမာဒါအာဆာဟိပဲဖြစ်ပါတယ်
.
.
.
.
.
.
"ကို့အချစ် အိတ်ပုတ်လေး ထလို့ ရပီနော် "ဂျယ်ဟျော့တစ်ယောက် ဆာဟိနှဖူးလေးကို လက်သီးလေးနဲ့ ခပ်ဖွဖွလေးထုကာ နှိုးလိုက်သည်
"ဟင် ရောက်ပီလား အင့် ဟင်း"
"ရောက်ပါပီ ကို့အချစ်လေး"
"အကိုရော"
"ယိုရှီဟျောင်းက ခုနလေးတင် သွားနှင့်ပြီ"
အိုဆာကာ မြို့ရဲ့ မြို့စွန်းလေးတစ်နေရာ ပေါ့ လူနေနည်းပါးပေမယ့် တိတ်ဆိတ်ပြီး အေးချမ်းတယ် အဟာမာဒါ မျိုးရိုးရဲ့ အပန်းဖြေအိမ်ရှိတဲ့တစ်နေရာလည်းဖြစ်ပါသည် မိဘတွေရှိတုန်းက ပိတ်ရက်တိုင်း မိသားစုလေးယောကါ အပန်းလာဖြေကြပေမယ့် ခုဆို မလာတာတောင် နှစ်အတော်ကြာသွားခဲ့ပြီ
ကားပေါ်က ဆင်းသည်နှင့် အမှတ်တရတွေ နဲ့ပြည့်နှက်နေတဲ့ အိမ်တစ်အိမ် မျက်လုံးနဲ့ကြည့်သည့်နေရာတိုင်းမှာအသေးစိတ်ကျတဲ့ အမှတ်တရတွေက စောင့်ကြို နေဆဲပင် အဖေနဲ့အမေရဲ့ အရိုးပြာအိုးကိုလည်း ခြံရဲ့ ထောင့်တစ်နေရာမှာ မြုပ်နှံထားခဲ့တယ် တစ်ချိန်က စိုပြေနေခဲ့တဲ့ ဟာမာဒါ အပန်းဖြေ အိမ်တော်က ခုတော့ အသက်မဲ့နေခဲ့တာ နှစ်တွေကြာလှပြီ အိမ်ထဲ ခြေစလှမ်းထဲကရင်ထဲမှာ တစို့စို့နဲ့ မမြင်ရတဲ့အစိုင်အခဲ တက်လာသလိုပဲ မွန်းကြပ်လာတော့သည်
![](https://img.wattpad.com/cover/321942836-288-k759360.jpg)