(၂)

6.3K 453 9
                                    


ညက စောစောအိပ်ရာဝင်ခဲ့တာကြောင့် ကြုံတောင့်ကြုံခဲ သုခေတ် မနက်အစောကြီးနိုးလာသည်။

ဘုန်းမြတ်ဖြိုးက ကျောင်းသွားရမှာမလို့ မနက်စာကို သူကိုယ်တိုင်ပဲ ပြင်ဆင်လိုက်သည်။

မနက်စာအတွက် သူလုပ်နိုင်တာ ရိုးရိုးရှင်းရှင်း ပေါင်မုန့်မီးကင်ရယ် ကြက်ဥကြော်ရယ် ကော်ဖီရယ်။

စားစရာ အမျိုးအမယ် များများစားစားမလုပ်နိုင်ပေမယ့် သူလုပ်ထားတာတွေက စားလို့အဆင်ပြေပါတယ်။

ဘုန်းမြတ်ဖြိုး အလုပ်သွားတာနဲ့ အိမ်က တိတ်ဆိတ်သွားသည်။

တကယ်ဆို သုခေတ်လည်း ကုမ္ပဏီ သွားရမှာဖြစ်ပေမယ့် မနေ့က ပွဲမှာ ပွဲထပ်ရှာမိခဲ့တာကြောင့် အလုပ်သွားဖို့ အချိန်ဆွဲနေခြင်း ဖြစ်သည်။

အလုပ်ရှင် မိဘနှစ်ပါးနဲ့ တွေ့ရင် ဩဝါဒတွေနာကြားရမှာ အသေအချာပင်။

မန်နေဂျာ လာမခေါ်မချင်း အိပ်ရာထဲမှာ ပြန်ခွေနေတာပဲကောင်းတယ်။

သုခေတ် ဖုန်းဖွင့်လိုက်သည်။
Social Media မှာ သူ့ အကြောင်း ဘာသတင်းတွေ ထူးလဲ ကြည့်ကြည့်မလို့ လုပ်ပေမယ့် Gp chat တစ်ခုရဲ့ Notification က အရင်ဆုံးပေါ်လာသည်။

Unread messages တွေ ရာဂဏန်းရှိနေပြီဖြစ်တဲ့ ထို chat ထဲမှာ မနေ့တုန်းက ပွဲက သူ့ရဲ့ meme တွေကို မြင်လိုက်ရသည်။

ရီရခက် ငိုရခက်ပဲ။

သူအပါအဝင် အဖွဲ့ဝင် ငါးယောက်သာရှိတဲ့ ထို chat မှာ ကျန်တဲ့ လေးယောက်ရဲ့ ပေါက်ကရလေးဆယ် စာတွေရယ်၊
ဆုရတဲ့ အကြောင်း ကြေညာသံလည်း ကြားရော ဆူပုတ်သွားတဲ့ သုခေတ်ရဲ့မျက်နှာကို meme ပုံစံ လှောင်ပြောင်ထားတဲ့ post တွေရယ်။

ချီးပဲ။ ငါ‌ စိတ်တိုတဲ့မျက်နှာက မင်းတို့ အတွက် အဲ့လောက် ရယ်စရာကောင်းနေလား !!

*ငါတို့ချောတာ ငါတို့သိတယ် ကျေးဇူး* ဆိုတဲ့ chat room နာမည်က ပေါကြောင်ကြောင်နိုင်ပေမယ့် ဘယ်သူမှ ပြောင်းဖို့ စိတ်ကူးမရှိ။

နောက်ဆုံးပို့ထားတဲ့စာက မနက် ၃ နာရီကျော်လောက်ကဆိုတော့ သကောင့်သားတွေ ညလုံးပေါက် မအိပ်ဘဲ စကားပြောပုံနေကြပုံရသည်။

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Donde viven las historias. Descúbrelo ahora