(၂၉)

2.9K 256 6
                                    

Delta Force Group က ကြီးမှူးကျင်းပသည့် ရုပ်ရှင်ပွဲတော်က တစ်နှစ်တာအတွင်း အကျော်ကြားဆုံး ဇာတ်ကားကောင်းတွေရွေးချယ်ပြီး ရုပ်ရှင်ဇာတ်ကားတွေရဲ့ ထုတ်လုပ်သူတွေကို ဆုချီးမြှင့် ပွဲဖြစ်သည်။ ပွဲကို ဆုပေးပွဲလို့ တိုက်ရိုက်မပြောဘဲ ဧည့်ခံပွဲ တစ်ခုလို စီစဉ်ခင်းကျင်းထားပြီး ရုပ်ရှင်ဝေဖန်သုံးသပ်သူတွေကိုတော့ အထူး ဧည့်သည် အနေနဲ့ Stage ရဲ့ ရှေ့ဆုံးမှာနေရာချထားတယ်။ ဒီပွဲရဲ့ထူးခြားချက်က ဆုရမယ့် ဇာတ်ကားကို ကြို မသိဘဲ ပွဲထဲရောက်မှ ရုပ်ရှင် အကဲဖြတ်ဝေဖန်ရေး ပညာရှင်တွေက vote ပေးပြီး ရွေးချယ်တာဖြစ်သည်။

သာမန်လူတွေ ရှုထောင့်နဲ့ ကြည့်ရင် ပျင်းစရာကောင်းတဲ့ ပွဲဖြစ်ပေမယ့် ရုပ်ရှင်ထုတ်လုပ်သူတွေနဲ့ ဒါရိုက်တာတွေ အတွက်တော့ ဒီပွဲက အရေးပါလှသည်။

ထိုပွဲကို နယ်ပယ်အသီးသီးက အနုပညာရှင်တွေ တက်ရောက်ခွင့်‌ရပြီး Figure 9 ရုပ်ရှင် ထုတ်လုပ်ရေးက ဇာတ်ကားတစ်ကားလည်း ရွေးချယ်ခံရတယ်။ သုခေတ်က အဲ့ ဇာတ်ကားရဲ့ ဇာတ်ဝင်တေးသီချင်းရဲ့ အဆိုရှင်ဖြစ်တာကြောင့် ဇာတ်ကားရဲ့ အဓိက ဇာတ်ဆောင် နှစ်ဦးနဲ့ အတူ ဖိတ်ကြားခံရခြင်းဖြစ်တယ်။ ဒီပွဲရဲ့ အဓိက ရည်ရွယ်ချက်က ရုပ်ရှင် ထုတ်လုပ်သူတွေကို ဆုချီးမြှင့်ဖို့ဖြစ်တာမလို့ အနုပညာရှင်တွေကို ဖိတ်ကြားတာက ပွဲကို မြိုင်အောင် တန်ဆာဆင်ရုံ သက်သက်ပဲ။

ဒါပေမယ့်လည်း ဒီပွဲမှာ စာနယ်ဇင်းသမားတွေနဲ့ ပရိတ်သတ်တွေကို တကယ်ဆွဲဆောင်နိုင်တာက ထုတ်လုပ်သူတွေ မဟုတ်ဘဲ အနုပညာရှင်တွေဖြစ်သည်။

အဲ့ဒါကြောင့် သုခေတ် မြတ်မင်းခကို ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ ပွဲမှာလုံခြုံရေးတင်းကြပ်ထားတာကြောင့် ဖိတ်ကြားထားသူမဟုတ်ရင် ဝင်လို့မရဘူး။ နောက်ပြီး သတင်းယူလို့ရတဲ့ မီဒီယာတွေကိုလည်း ကန့်သန့်ထားတယ်။ အင်တာဗျူးမယ့်သူတွေကလည်း ထုတ်လုပ်သူတွေကိုပဲ မေးကြမှာဖြစ်လို့ အနုပညာရှင်တွေက ‌ဧည့်သည်အနေနဲ့ red carpet လျှောက်ပြီး ပွဲကြည့်နေရုံပဲ။

ကလေးကို ပွဲထုတ်ဖို့ဆို ဒီပွဲက အဆင်အပြေဆုံးဖြစ်သည်။
သုခေတ်ရဲ့ ရည်ရွယ်ချက်က ပွဲမှာ မြတ်မင်းခနဲ့ ဓာတ်ပုံ လေးငါးခြောက်ပုံလောက် အရိုက်ခံလိုက်ဖို့ပင်။ 

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Where stories live. Discover now