33. Zawgyi

189 15 0
                                    

"ကလေးသာ မယူဖြစ်ဘူးဆိုရင် လိင်တူစိတ်ဝင်စားတယ်ဆိုတဲ့ အကြောင်းနဲ့ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ထားတာကို အဆုံးထိ ဖုံးကွယ်ထားမယ်လို့ ဆိုလိုချင်တာလား "

"ပွဲဦးထွက်ကတည်းက ယောက်ျားလေးတွေပဲ သဘောကျတယ်ဆိုတာကို ဝန်မခံတာက နာမည်မကြီးမှာ စိုးလို့လား "

"သုခေတ်ရဲ့ ခင်ပွန်းကရော ဒီလို ခိုးပြီး လက်ထပ်ထားဖို့ ကြည်ကြည်ဖြူဖြူ သဘောတူခဲ့တာလား "

မေးခွန်းတွေက ဆက်တိုက် ထွက်ပေါ်လာပြီး သုခေတ်ရဲ့ မျက်နှာ အမူအရာတစ်ခုချင်းစီကို ကင်မရာတွေက အမိအရ ဖမ်းယူကြသည်။

"ခဏလေးပါဗျ ကျွန်တော် တစ်ခုချင်းစီ ဖြေပေးပါ့မယ် "

"ကျွန်တော်နဲ့ လက်ရှိ ကုမ္ပဏီနဲ့ စာချုပ်က ဒီနှစ်ကုန်ရင် ပြည့်မှာပါ စာချုပ်အသစ် ထပ်မချုပ်ခင် ကျွန်တော်တို့ နှစ်ယောက်အကြောင်း အကုန်လုံးကို ဖွင့်ပြောဖို့ စဉ်းစားပြီးပါပြီ ကလေး ယူတာ မယူတာက သပ်သပ် တစ်ကဏ္ဍပါ နောက်ပြီး ကျွန်တော်သာ ဒီ အိမ်ထောင်ရေးကို တစ်သက်လုံး ဖုံးကွယ်ထားဖို့ ဆန္ဒရှိခဲ့ရင် ကလေးယူဖို့ဆိုတာလည်း ဖြစ်လာမှာ မဟုတ်ပါဘူး "

"ဒုတိယမေးခွန်းကို ဖြေရရင် ခုဏက ကျွန်တော်ပြောထားတဲ့ အထဲမှာလည်းပါပြီးသားပါ ဒါပေမယ့် ထပ်ပြောပါ့မယ် ကျွန်တော် ပွဲဦးမထွက်ခင် သူနဲ့ ပြတ်ဆဲလိုက်တဲ့ အတွက် single အနေနဲ့ပဲ ပွဲဦးထွက်ဖြစ်ခဲ့တာပါ အဲ့တုန်းက ကျွန်တော့် sexuality နဲ့ ပတ်သတ်ပြီး လိုလိုမယ်မယ် ကုမ္ပဏီကို အသိပေးခဲ့ပါတယ် နောက်ပိုင်း ကျွန်တော် ဘယ်သူနဲ့မှ ဆက်မတွေ့ဖြစ်တာကြောင့် ကုမ္ပဏီကလည်း သိပျဂရုမစိုကျဝောာ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ပြီးတော့ စဉ်းစားကြည့်ရင် ဘယ်သူက ဘယ်လိုလူမျိုးကို ကြိုက်ပါတယ်ဆိုပြီး ဖွင့်ပြောပြီးမှ အနုပညာအလုပ်လုပ်တယ်ဆိုတာလည်း ကို့ရို့ကားယားနိုင်တယ်လို့ မထင်မိဘူးလားဗျ  ကျနော့်လို လိင်တူစိတ်ဝင်စားတာ မဟုတ်တဲ့သူတွေရော ကျွန်တော်/ကျွန်မက ဆန့်ကျင်ဘက်လိင်ကိုပဲ ကြိုက်တာပါဆိုပြီး အနုပညာလောကထဲ ဝင်လာတာမှ မဟုတ်တာလေနော့ အဲ့တော့ ကျွန်တော်လည်း တမင်တကာကြီး ထုတ်ပြောနေဖို့ မလိုအပ်ဘူးလို့ တွေးမိပါတယ် "

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Där berättelser lever. Upptäck nu