Extra-2 (U&Z)

1.5K 102 2
                                    

ဆင်တူလက်စွပ်နှစ်ကွင်း၊  နှင်းဆီပွင့်နီများနှင့် ဖိတ်စာတစ်စောင်ကို ဖန်သားစားပွဲပေါ်တွင် သိမ်မွေ့စွာ ခင်းကျင်းထားသည်။
ကင်မရာ shutter သံ တချပ်ချပ်က ကလွဲရင် အခန်းထဲမှာ တိတ်ဆိတ်လျက်ရှိ၏။

ဒေါ်မေသူနှင်းက ရိုက်ပြီးသွားတဲ့ ဓာတ်ပုံပေါင်းများစွာထဲကမှ အကောင်းဆုံး ပုံတွေကို ရွေး‌နေလေသည်။
သူမဘေးတွင် သတိအနေအထားနဲ့ ရပ်နေသည့် ဓာတ်ပုံဆရာအား သုခေတ် အတော်လေးကို ကိုယ်ချင်းစာမိသည်။

ဓာတ်ပုံ ရိုက်ပြီးသွားတာနဲ့ ဘုန်းမြတ်ဖြိုးက စားပွဲပေါ်က လက်စွပ်ကို ချက်ချင်းပင် လက်မှာ ပြန်ဝတ်လိုက်ပြီး ထိုလက်ဖြင့်ပင် ကော်ဖီခွက်ကို ပြန်ကိုင်ပြီး ဖြည်းဖြည်းချင်း အရသာခံ သောက်နေသည်။
မင်္ဂလာပွဲ စတင် စီစဉ်ကတည်းက အခုထိ မပြီးဆုံးနိုင်သော ယောက္ခမဖြစ်သူရဲ့ ဇီဇာကြောင်မှုတွေကို သူအတော်လေး ငြီးငွေ့နေပြီဖြစ်သည်။

"ဒီ သုံးပုံကို LED screen ပေါ်မှာ ပြမယ့်ထဲ ထည့်မယ်နော်
Pre wedding အတွက် ရိုက်ထားတဲ့ ပုံတွေရရင် အန်တီ့ကို အရင်ပြောဦး ထားရမယ့် နေရာက အစီအစဉ် မကျမှာ စိုးလို့ "

"ဟုတ်ကဲ့..."

ဓာတ်ပုံဆရာက သူမ စိတ်တိုင်းကျ ရွေးထားတဲ့ သူမှန်း သိသာသည်။
ဒေါ်မေသူနှင်းမှာ အရာရာ စိတ်တိုင်းကျနေတာကြောင့် ဒီနေ့တော့ မည်သူနဲ့မှ ကတောက်ကဆ မဖြစ်သေး။

"မင်းတို့ နှစ်ယောက်ရော အိမ်ဘယ်တော့ ပြောင်းလာမှာလဲ ? ကလေးငယ်တုန်းကို ခြံဝန်းကျယ်ကျယ်နဲ့ နေစေချင်လို့ ဒီ အိမ်ကို လက်ဖွဲ့တာကို မင်္ဂလာ မဆောင်ခင် တစ်ခါတည်း အကုန်ပြောင်းလာလိုက်တာ မဟုတ်ဘူး "

"ပြောင်းတာက ပြောင်းမှာပါ အမေ့မြေးက အခု မူကြိုမှာ ပျော်နေတော့
အိမ်ပြောင်းရင် မူကြိုနဲ့ အရမ်းဝေးသွားတော့ ခရီးထောက်မှာ စိုးရတယ်လေ
ခြံထဲမှာလည်း မင်္ဂလာဆောင် မပြီးမချင်း ရှုပ်ယှက်ခတ်နေမှာဆိုတော့ ပစ္စည်းတွေကို နောက်မှ ဖြည်းဖြည်းချင်း ရွှေ့မလို့လုပ်နေတာ "

မိခင်ဖြစ်သူရဲ့ ကောင်းမွန်နေတဲ့ စိတ်အခြေအနေလေးကို မဖျက်ဆီးသွားစေဖို့ သုခေတ်က စကားကို ထိန်းပြောနေပေမယ့် သားအမိချင်းချင်း နောကြေနေပြီ မလို့ ဒေါ်မေသူနှင်းက နှာခေါင်းရှုံ့သည်။

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Where stories live. Discover now