"ဟို နှစ်ယောက် ထမင်းစားလို့ရပြီ ငါ့နှယ် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး မိုးမမြင်လေမြင်နဲ့..." ဒေါ်မေသူနှင်းရဲ့ အော်သံက သူတို့နောက်ကနေ ထွက်လာသည်။
"အာ...အမေကတော့ "
သုခေတ် စိတ်လေပါတယ်ဆိုတဲ့ မျက်နှာနဲ့ ခေါင်းယမ်းတယ်။ဘုန်းမြတ်ဖြိုးက နှာတံပေါ်က မျက်မှန်ကို ပင့်တင်ကာ ရှက်ကိုးရှက်ကန်းနှင့် ချောင်းဟန့်လိုက်သည်။
ကလေးကို ဒေါ်မေသူနှင်းက ချီရင်း ထမင်းစားခန်းထဲကို အရင်ဝင်သွားတယ်။
"သွားရအောင်လေ..."
သုခေတ် ရှေ့ကနေ ဦးဆောင်သွား၏။
ဘုန်းမြတ်ဖြိုး သုခေတ်နောက်ကလိုက်ဝင်လာသည်။ထောင့်မှန် စတုဂံပုံ ထမင်းစား စားပွဲရဲ့ ထိပ်ဆုံးနေရာမှာ အဘွားက ထိုင်သည်။
အဘွားရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ သုခေတ် မိဘတွေက မျက်နှာချင်းဆိုင်ထိုင်ပြီး မြတ်မင်းခလေးကတော့ သူ့ အဘွား ဒေါ်မေသူနှင်း ဘေးမှာ ခြေတံရှည် ကလေးထိုင်ခုံလေးနဲ့ ထိုင်နေတယ်။သုခေတ်က မြတ်မင်းခလေးရဲ့ ဘေးမှာနေရာယူလိုက်တာကြောင့် ဘုန်းမြတ်ဖြိုးက ဦးမင်းစည်သူ ဘေးမှာထိုင်လိုက်ရသည်။
"ထည့်စားကြ ငါ့မြေးတို့ ဒီနေ့ဝယ်လာတဲ့ ပုစွန်တွေက လတ်မှ လတ်ပဲ ခရမ်းချဉ်သီးနဲ့ ဆီပြန်လေးချက်ထားတာ "
"အဘွားလည်း များများစား "
သုခေတ်က အဘွားပန်းကန်ထဲကို အရင်ဦးချကာ အဖေအမေ ပန်းကန်ထဲကိုလည်း အစဉ်လိုက် ဟင်းထည့်ပေးတယ်။
ဘုန်းမြတ်ဖြိုးကို ထည့်ပေးပြီး ဘေးက မြတ်မင်းခ ပန်းကန်ထဲကို ဟင်းထည့်ပေးဖို့လုပ်တော့ ရုတ်တရက် သူ့အမေက တားလာတယ်။
"ဟဲ့ ဟဲ့ ကလေးက ပုစွန်နဲ့ မတည့်ဘူး...ကြက်သားနဲ့ စားမှာ "
သုခေတ် ဟင်းကို ကိုယ့် ပန်းကန်ထဲပဲ ထည့်လိုက်ရတယ်။
ကလေးက မျိုးဥ အလှူရှင်ဘက်ကို ပိုတူတယ်ထင်တယ်။
မကောင်းတဲ့ ဟာမှ သွားတူရတယ်လို့...
စားစရာမှန်သမျှ စားလို့မရတာက ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲဆိုတာ ဒီကလေးကြီးမှ သိလိမ့်မယ်။
YOU ARE READING
အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]