(၂၈)

3K 268 1
                                    

‌ဒေါ်မေသူနှင်းတစ်ယောက် Lia ကို ဘယ်လိုမှ ဆက်သွယ်လို့မရတော့ပေ။
သူ့သားနဲ့ ဘုန်းမြတ်ဖြိုးရဲ့ စနက်ဆိုတာ တပ်အပ်သိနေပေမယ့် ဦးမင်းစည်သူကလည်း သူမရဲ့ လုပ်ရပ်ကို ကန့်ကွက်နေသည်။
မြတ်မင်းခကို အိမ်ထောင်စုစာရင်းထဲမှာ ဆက်ပြီးထားမလား မထားမလား၊ သုခေတ်နဲ့ ဘုန်းမြတ်ဖြိုးရဲ့ ကလေးအဖြစ်လက်ခံ၏ လက်မခံ၏ဆိုတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဦးမင်းစည်သူက ဘာမှ ပြောမလာခဲ့ပေ။

မြတ်မင်းခနဲ့ ပတ်သက်ပြီး စိတ်လောနေတဲ့ သုခေတ်က မကြာခဏ အစဖော်ဖို့လုပ်ပေမယ့် ဦးမင်းစည်သူက သူ့ကို စဉ်းစားဖို့ အချိန်ပေးဖို့သာ ပြောသည်။

ဖခင်ဖြစ်သူရဲ့ တွေဝေနေမှုထက် ပိုဆိုးသည်က ဒေါ်မေသူနှင်း၏ အခြေအနေပင်ဖြစ်သည်။

Lia အိမ်ကို လာကာ အကြောင်းစုံရှင်းပြပြီး ပြန်သွားတော့ ဦးမင်းစည်သူနဲ့ ဒေါ်မေသူနှင်းတို့ စကားများကြသည်။

အကြောင်းအရင်းကတော့ ဒေါ်မေသူနှင်းရဲ့ ပေါ့လျှော့မှုကို ဦးမင်းစည်သူ အပြစ်တင်ပြောဆိုခဲ့တာကြောင့်ပင်။
ထိုအကြောင်းကြောင့် လင်မယားနှစ်ယောက်‌ကြားမှာ အဖုအထစ်ဖြစ်ခဲ့ရပြီး မြတ်မင်းခကို ဘယ်လို ဆက်စီစဉ်မလဲဆိုတာကို မဆွေးနွေးနိုင်ဘဲရှိနေခဲ့သည်။

အိမ်တွင်းရေး ပဋိပက္ခအပြင် မြေးအရင်း မရဘဲ သားနဲ့ပါ အဆင်မပြေဖြစ်ရတဲ့ ဒေါ်မေသူနှင်းသည် အခန်းထဲက အခန်းပြင်မထွက်တော့ဘဲ စိတ်သောကဒဏ်ကို ကြိတ်ခံနေသည်။

သုခေတ် အိမ်ကို မကြာခဏလာကာ ဖျောင်းဖျပေမယ့် ဒေါ်မေသူနှင်းက အတွေ့ပင်မခံခဲ့။

ကုမ္ပဏီက ဝန်ထမ်းတွေကလည်း MD ရဲ့ ပျက်ကွက်မှုကြောင့် အံ့ဩနေကြသည်။
ဒေါ်မေသူနှင်းက မြတ်မင်းခကို စောင့်ရှောက်ဖို့ တမင် အနားယူသည့် ကာလကလွဲရင် oversea သွားရင်တောင် တစ်ခါမှ အလုပ်ကိစ္စမှာ လစ်ဟင်းတာမျိုးမရှိခဲ့ပေ။
ဒီလိုမျိုး သုခေတ်နဲ့ ပတ်သတ်ပြီး ပြဿနာရှိခဲ့ရင် ပိုတောင် ဂရုတစိုက်ရှိသေးသည်။
အခုတလော ဒေါ်မေသူနှင်း အလုပ်မှန် သမျှကို လုံးဝ လွှတ်ချထားခြင်းက
လူတိုင်းကို သို့လောသို့လော အတွေးများပေါ်လာစေ၏။

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Where stories live. Discover now