(၂၀)

3.1K 297 3
                                    


သုခေတ် ဒေါ်မေသူနှင်းနဲ့ ဖုန်းပြောပြီး အောက်ထပ်ဆင်းလာတော့ ဘုန်းမြတ်ဖြိုးက သူထွက်မသွားခင်တုန်းက အတိုင်းပဲ  ဆိုဖာပေါ်မှာ ထိုင်လျက်ရှိနေဆဲ ဖြစ်သည်။

ဘုန်းမြတ်ဖြိူက သူ့ကို လှမ်းကြည့်ကာ...
"အဆင်ပြေရဲ့လား "

"ကြေငြာချက်ကိစ္စကတော့ ပြေပါတယ် မပြေတာက မြတ်မင်းခ ကိစ္စ..."

ဘုန်းမြတ်ဖြိုးက သူပြောလာမယ့် စကားကို ဂရုတစိုက်နားထောင်သည်။

မြတ်မင်းခက သူ့ကလေးမဟုတ်ဘူးဆိုတဲ့ စကားကို ဘုန်းမြတ်ဖြိုးကိုပြောဖို့ သုခေတ် ဆုံးဖြတ်ထားပေမယ့် သူ ထုတ်မပြောခင် တစ်ခုခုပြောင်းလဲသွားဖို့ မျှော်လင့်နေသေးသည်။ ဥပမာ သူ့အမေဆီက ထို စစ်ဆေးချက် မှားယွင်းနေခြင်းသာဖြစ်တယ်ဆိုတဲ့ ဖုန်းဆက်လာတာမျိုးပေါ့။

"မြတ်မင်းခက ငါ့ ကလေးမဟုတ်ဘူးတဲ့ "

ဘုန်းမြတ်ဖြိုးသည် အဓိပ္ပာယ်မရှိတဲ့ စကားလို့ တွေးမိသွားသော်လည်း စက္ကန့်အနည်းငယ်အတွင်း၌ပင် သူ့အတွေးကို ထိန်းချုပ်လိုက်သည်။

"ဘယ်လိုဖြစ်ပြီးတော့လဲ "

သုခေတ်ဆီက ကိစ္စအလုံးစုံကြားပြီးတဲ့ အခါ ဘုန်းမြတ်ဖြိုးသည်လည်း အံ့အားသင့်မှုကို မျက်နှာမှာ မဖုံးကွယ်နိုင်ခဲ့ပေ။

"DNA စစ်ဆေးထားတဲ့ အဖြေက ဘယ်မှာလဲ "

"အမေ့ဆီမှာ "

မြတ်မင်းခက သုခေတ်နဲ့ သွေးသားမတော်စပ်ဘူးဆိုတဲ့ စကားက ဘုန်းမြတ်ဖြိုးကို အံ့အားသင့်စေရုံမျှသာ သက်ရောက်သော်လည်း ယနေ့ သုခေတ်အမေ ထုတ်ပြန်လိုက်တဲ့ သတင်းနဲ့ တွဲစပ်ကာ တွေးကြည့်လိုက်တော့ ဤကိစ္စရဲ့ အဆုံးသတ်က ဘယ်ဆီကို ဦးတည်နေလဲဆိုတာ ဘုန်းမြတ်ဖြိုး မှန်းဆနိုင်သွားသည်။

အနှေးနဲ့ အမြန်ဆိုသလို မြတ်မင်းခက Figure 9 ရဲ့ ဆက်ခံသူ အဖြစ်ကနေ ပစ်ပယ်ခံရတော့မည်ပင်။

"အဲ့တော့ အန်တီက ဘယ်လိုလုပ်ဖို့ တွေးထားတယ်တဲ့လဲ "

"သူက သူ့မြေးအစစ်ကို ရှာဖို့ပဲ စိတ်ရောက်နေတာ "

သုခေတ်က ဆိုသည်။

"ငါကတော့ မြတ်မင်းခကို ဘယ်လိုပဲဖြစ်ဖြစ် ငါ့ မျက်စိရှေ့မှာပဲ ကြီးပြင်းစေချင်တယ် "

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Opowieści tętniące życiem. Odkryj je teraz