(၁၇)

3K 289 6
                                    

အဂ္ဂါဦးဆီက လျှန်းညီ အဆင်ပြေတယ်ဆိုတဲ့ အကြောင်းကြားမှ သုခေတ် စိတ်သက်သာရာ ရသွားသည်။

‌နောက်တစ်နေ့ မနက် အလုပ်ကိုရောက်ရောက်ချင်းမှာပဲ ရှယ်လီက သူ့ရုံးခန်းကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာတယ်။

"နင် သီချင်းဆိုရတာ ငြီးငွေ့နေပြီလား? one championship ဝင် ထိုးတော့မယ်ဆိုရင် ငါ့ကိုလည်း ကြိုပြောဦး "

"ဘာတွေလာပြောနေတာလဲ " သုခေတ်က ကြောင်တက်တက်နဲ့ ပြန်မေး၏။

"ဟိုနေ့ညက မျိုးသီဟနိုင်ကို တွယ်ပလိုက်တာဆို ငါ့ကို ဇွဲခန့်ကို ပြောတယ်"

သိပ်ကို တိကျတဲ့ သတင်းရပ်ကွက်က ကြားလာတာပါလား...

"နေပါဦး အစ်မတို့ နှစ်ယောက်က ဘယ်လိုက ဘယ်လို ဒီလောက် ရင်းနှီးသွားတာလဲ အရင်က မေးထူးခေါ်ပြောလောက်ပဲ မဟုတ်ဘူးလား "

ရှယ်လီက ဟက်ခနဲရီပြီး နှုတ်ခမ်းကို မဲ့သည်။

"ငါတို့ စောင်မြင်ကပ်တဲ့ လူချင်းတူတယ်လေ  အဲ့ညက သူ ငါ့ကို အိပ်ပြန်လိုက်ပို့တော့ လမ်းမှာ မျိုးသီဟနိုင်အတင်းတုပ်ရင်း ခင်သွားတာ "

"အော်..."

တစ်ခုခုပြောမလိုနဲ့ ရှယ်လီက ဘေးဘီဝဲရာကို လှမ်းကြည့်ပြီး သုခေတ်နားကို ကပ်လာ၏။

"သူက အဖြောင့်လား "

"အစ်မက လျှန်းညီကို ချိန်နေတာ မဟုတ်ဘူးလား ? "

သုခေတ် စကားကို ရှယ်လီက ခေါင်းတခါခါ လက်တခါခါနဲ့ ငြင်းသည်။

"ပေါက်ပေါက်ရှာရှာဟယ် ဘယ်ကသာ သူ့ကို  ရိုးရိုးသားသားခင်တာ...
ပြီးတော့ ငါက ငတုံးလား သူ့နားမှာ အဂ္ဂါဦးရှိနေတာကို "

ဒီတစ်ခါတော့ ငြင်းချက်ထုတ်တဲ့ လူက သုခေတ်ဖြစ်သည်။
"ပေါက်ကရတွေ သူတို့ နှစ်ယောက်က ဘာမှ မဆိုင်ဘူး "
သုခေတ်က အခိုင်အမာ ဆိုတယ်။

"ဟုတ်လား ? ဘာပဲဖြစ်ဖြစ်ပါ. ငါမေးတာဖြေဦး ဇွဲခန့်ကို က ဘယ်လိုလဲ? ငါနဲ့ အဆင်ပြေလောက်လား"

"ကျနော်လည်း မပြောတတ်ဘူး အဲ့ကောင်က ရည်းစားမမြဲတော့..."

"ပွေတာလား "

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Where stories live. Discover now