(၁၈)

2.8K 268 0
                                    

"အဲ့လောက်ထိ လုပ်စရာလိုလို့လား "

ဦးမင်းစည်သူက သူ့မျက်စိရှေ့က မျိုးရိုးဗီဇ စစ်ဆေးမှုမှတ်တမ်းကို မယုံကြည်နိုင်စွာဖြင့် စားပွဲခုံပေါ်သို့ ပြန်တွန်းထုတ်လိုက်သည်။

"ပြဿနာက ဒီလို စာရွက်စာတမ်း အတုလုပ်ပြီး ဖြေရှင်းရမယ့် ကိစ္စမဟုတ်ဘူး မေသူနှင်း "

"ဒါက အတုမဟုတ်ဘူး "

ဒေါ်မေသူနှင်းက နှဖူးပေါ်ကျနေတဲ့ ဆံပင်တွေကို လက်နဲ့ သပ်ကာ သူမ ကိုယ်သူမ အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းချုပ်ရင်း...

"မြတ်မင်းခက ကျွန်မတို့နဲ့ သွေးသားမတော်စပ်ဘူး "

ထိုစကားက သုခေတ်ရော ဦးမင်းစည်သူ နားထဲတွင် ကျယ်လောင်စွာ မြည်ဟိန်းသွား၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ? " သုခေတ် နှုတ်ကနေ ခပ်ဖွဖွရေရွတ်မိသည်။

"သေချာပေါက် ကလေးက ငါတို့ ကလေးပဲကို မိန်းမ မင်း တစ်ခုခုမှားယွင်းပြီး သိလာတာမဟုတ်ဘူးလား "

သူမ စကားကို လွယ်လင့်တကူယုံကြည်မယ်မဟုတ်ကြောင်း ကြိုတွေးပြီးသားမလို့ ဒေါ်မေသူနှင်းသည် စိတ်လှုပ်ရှားခြင်းမရှိပေ။

သူမက ထပ် ဆိုလာသည်။

"အငှားကိုယ်ဝန်ဆောင် မိန်းကလေးရဲ့ သွေးအမျိုးအစားက O၊ သုခေတ်က A။ ဟိုတစ်ခါ မြတ်မင်းခ ခေါင်း‌မှာ ဒဏ်ရာရတုန်းက ကျွန်မ ကလေးကို medical check up ထပ်လုပ်ခဲ့တယ်။ မြတ်မင်းခက B သွေး ဖြစ်နေတယ် "

"အဲ့ဒါက အချို့တွေကျ အဘိုးတို့ အဘေးတို့ ဘက်က သွေးရောလို့ အဲ့လိုသွားတူတာလည်း ဖြစ်နိုင်တာပဲ မဟုတ်ဘူးလား နေဦး ငါ့ သူငယ်ချင်း ဆရာဝန် တစ်ယောက်ကို မေးကြည့်ဦးမယ် " ဦးမင်းစည်သူက ဘယ်လိုမှ လက်သင့်မခံနိုင်ဖြစ်နေသည်။

"ကျွန်မလည်း အစက အဲ့လို မတွေးခဲ့ပဲ နေမလား ရှင့်ထက် ကျမက ဒီကလေးကို အများကြီး မျှော်လင့်ထားခဲ့တာ...
DNA စစ်ခဲ့တာက ပိုပြီး သေချာချင်လို့ အတည်ပြုရုံ သက်သက်ပဲ"

ထို့နောက် သူမက မကျေမနပ် ရေရွတ်လေသည်။

"ကျွန်မကိုက မှားတာ ကလေးကို လက်လွှဲယူကတည်းက သေချာစစ်ဆေးရမှာကို တောက်!
နာမည်ကြီး ဆေးရုံဖြစ်ပြီးတော့ ဒီလို အမှားမျိုးဖြစ်ရတယ်လို့ "

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Where stories live. Discover now