အပိုင်း (၈.၁)

367 37 1
                                    

Uni

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း

အပိုင်း ၈.၁

ချင်ယုရီက ငွေလွှဲပြီးသွားပြီ။

ဖက်တီး၏ မျက်နှာက စိမ်းဖန့်နေပြီး "ဟေး မင်းဒါကိုတကယ် ဝယ်ချင်တာလား"

“ဟုတ်တယ်” ချင်ယုရီ၏ မျက်လုံးများ တောက်ပလာပြီး “ဒါကိုပြန်ယူသွားပြီး မကောင်းဆိုးဝါး ပုံစံဖြစ်အောင်လုပ်မယ်!”

"ငါနဲ့ဝေးဝေးနေ! မင်းရဲ့ ချင် မိသားစုက  ပုံမှန်မဟုတ်ဘူး!”  ဖက်တီးက တိုက်ရိုက်ထွက်သွားခဲ့သည်။

လျိုဝေဝေလည်း အန်ကာ ရင်ဘတ်ထဲရှိ ပျို့အန်ခြင်း အနည်းငယ် လျော့ပါးသွားသည်ဟု ခံစားမိသည်။ သူမ အလျင်အမြန်လျှောက်လာကာ အဖြူရောင် မျက်နှာဖုံးကို ဝတ်ဆင်ပြီး အာကာသသေတ္တာအတွင်းရှိ ပိုးသတ်ပုံးထဲမှ ဟင်းစားဇွန်းကို ဂရုတစိုက် ထုတ်လိုက်သည်။

ချင်ယုရီသည် ရေပုံးတစ်ခုလုံးကို ဖယ်ထုတ်လိုသောအခါတွင် လျိုဝေဝေသည် သူမဘေးရှိ ပန်းကန်သေးသေးလေးကို ကောက်ယူလိုက်ပြီး ဟင်းစားဇွန်းအကြီးကြီးကို ပုံးထဲသို့ အမြန်နှစ်ချလိုက်ကာ ချောမွတ်သော မျက်နှာပြင်နှင့် အဖြူရောင်ကျောက်စိမ်းလို ပြီးပြည့်စုံသော တို့ဟူးနှောင်းကိုခပ်ယူလိုက်သည်။ သူမသည် တို့ဟူးနှောင်းကို ငရုတ်ပွအနီ၊ ကြက်သွန်စိမ်း၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည် အနည်းငယ်တို့နှင့်အတူ အထူးဟင်းခတ်အမွှေးအကြိုင်၊ နံနံပင်အနည်းငယ်ကိုလည်း ထည့်ထားသည်။ အနီ၊ အဖြူ၊ အစိမ်း ဟင်းခတ်အမွှေးအကြိုင်းတွေအားလုံးက ပန်းကန်လုံးတစ်လုံးထဲ ရောက်သွားသည်။

လျိုဝေဝေက ဇွန်းသေးသေးလေးထည့်လိုက်ပြီး ပန်းကန်လုံးကို ကြည့်နေသော ချင်ယုရီကို ပေးလိုက်သည်။

"ဒါက စားဖို့လား!?" ဖက်တီးက ခြေတစ်လှမ်းချင်း တိုက်ရိုက်ပြန်ဆုတ်လာသည်။

"ခရက်ဒစ်နှစ်ဆယ်၊ ဒီပန်းကန်သေးသေးလေးပဲလား။ ပုံးတစ်ပုံးလုံးကို သယ်သွားနိုင်မယ်လို့ ထင်တာ”ချင်ယုရီက ဒါကိုအလွန်သေးငယ်လွန်းသည်ဟု ထင်မိသည်။အနည်းငယ် လှည့်စားနေသည်ဟု ခံစားမိသော်လည်း သူမရဲ့မသိစိတ်က ဇွန်းသေးသေးလေးကို ကိုင်လိုက်ပြီး မလျှာကိုထုတ်ကာ တို့ကြည့်လိုက်သည်။ ထို့နောက် သူမ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ကြယ်တာရာခေတ် စားဖိုမှူးကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း(mm trans)Where stories live. Discover now