အပိုင်း ၂၆.၁၊၂၆.၂

167 17 0
                                    

Zawgyi

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း
အပိုင်း ၂၆.၁

 လျိုဝေဝေသည် ယုန်‌ငယ်လေးကို ဝဖြိုးလာသည်အထိ ကျွေးမွေးကာ ကျန်းမာရေး စောင့်ရှောက်မှု အစုံအလင် ပေးပြီးနောက် ကုတင်ပေါ်၌ လှဲလျောင်းရင်း တစ်ရေးတစ်မော အိပ်စက်အနားယူလိုက်သည်။ သူမနိုးလာသော အခါတွင် ညကိုးနာရီထိုးနေပြီ ဖြစ်သည်။ ယုန်ငယ်လေးသည် သူမ ခေါင်းအုံးဘေးတွင် ရှိနေပြီး ဖြူဖွေးသော ဖက်ထုပ်ကြီးအဖြစ်သို့ ပြောင်းလဲကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး အိပ်မက်လှလှမက်နေပုံရသည်။ သူမသည် ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းနှင့် တင်ပါးနေရာကို မသိဘဲ ထိကာ ညင်သာစွာ လှန်လိုက်သည်။

 ရုပ်ပိုင်းဆိုင်ရာ စာမေးပွဲကို ဖြေဖို့ ဆုံးဖြတ်တာက တကယ်ကောင်းတယ်။ သူမ ဆုံးဖြတ်ချက်ချတဲ့နေ့ကစပြီး ပြန်လည်သုံးသပ်စရာ ဘာမှ မရှိတော့ဘူး။ တကယ်လို့ အခြေစိုက်စခန်းမှာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုသာ ရှိခဲ့မယ်ဆို လျိုဝေဝေက သူမရဲ့ အာကာသနေရာလွတ်တစ်ခုလုံးကို အစာအပြည့်နဲ့ ဖြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။ အခုအချိန်တွင် ဂေါ်ရီလာတွေကနေ သံဝက်တွေအထိ အားလုံးက သူမနဲ့ တော်တော်လေး ရောနှောနေပုံရတယ်။ သူတို့ လှဲအိပ်ပြီး ချစ်စရာကောင်းစွာနဲ့ အစာကျွေးဖို့ တောင်းဆိုကြတယ် ( ̄▽ ̄)~*။ ထိုသားရဲများ သုံးမိနစ်ခန့် လှဲလျောင်းပြီးနောက် သူမ စာမေးပွဲ အောင်မြင်မည်ဖြစ်သည်။

 လျိုဝေဝေ၏ နှုတ်ခမ်းထောင့်များက မြင့်တက်သွားသည်။ ဤနည်းလမ်းသည် မဆိုးပေ၊ ဆန်ကုန်မြေလေး လူတစ်ဦးဖြစ်ခြင်းသည်လည်း ပျော်ရွှင်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်သည်။ သူမသည် ယုန်တစ်ကောင်ကို နှိပ်နယ်ပေးပြီး အစားအစာချက်ပြုတ်ပြီးနောက် နေ့တိုင်း ငွေအနည်းငယ်ရှာသည် အဲ့ဒိနောက် ... သူမ ပြုံးကာ ရင်ဘက်ကို ထိတွေ့လိုက်သည်။ သူမရဲ့ ရင်ဘတ်က ဖောင်းလာသလို ခံစားရသည်။ ဒါက စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတစ်ခုလားဆိုတာ သူမ မသိပေမယ့် ပိုကြီးလာတယ်လို့ ခံစားမိတယ်၊ အနည်းဆုံး A ဆိုဒ်ကနေ B ဆိုဒ်သေးသေးလေး ဖြစ်သွားတယ် ဟီးဟီး။ ဒီထိတွေ့မှုက ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သော +၁၅ အလှအပအမှတ်ကို သတိရစေသည်။

ကြယ်တာရာခေတ် စားဖိုမှူးကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း(mm trans)Where stories live. Discover now