အပိုင်း ၇၅၊၇၆

123 5 0
                                    

Uni

အပိုင်း ၇၅

 အဆုံးတွင် ပုကျုံးရှင်းက ရှောင်လုံးပေါင်တစ်ချို့ ပြန်ယူသွားခဲ့သည်။ လျိုဝေဝေက သူ့ကို လက်ဗလာနဲ့ ပြန်လွှတ်လိုက်ရင် တကယ်ကို ရှက်မိလိမ့်မယ်။

 ဒေါက်တာပု မထွက်သွားခင် သူက အလွန်ရိုးသားတဲ့ အကြံပြုချက်တွေနဲ့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့သည်။

 “မရီး၊ စစ်တပ် ကန်တင်းကိုလည်း ထောက်ပံ့ပို့ဆောင်ရေးယူနစ် ဆုချီးမြှင့်ဖို့ မစဉ်းစားသင့်ဘူးလား၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ထမ်းတွေလည်း ဒုက္ခရောက်နေကြတယ်။ စစ်မြေပြင်မှာ ရှိတဲ့ ရဲဘော်တွေကို ကုသဖို့ တစ်နှစ်ပတ်လုံး အလုပ်လုပ်ပြီး အချိန်ပိုလုပ်ရတယ်။ ကျွန်တော်တို့ရဲ့ဆေးဘက်ဆိုင်ရာအဖွဲ့တွင် သားရဲတွေရဲ့ သက်ရောက်မှုကို တွန်းလှန်ဖို့ ရှေ့တန်းထွက်ဖို့ သူတို့ရဲ့အသက်အန္တရာယ်ကိုစွန့်စားရတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေလည်းအများကြီးရှိတယ် "

 "မနက်ဖြန် နေကိုမြင်နိုင်ရင် တစ်ရက်ပြီးတစ်ရက်ထပ်မြင်နိုင်ပါဦးမလားဆိုတာ ဘယ်သူမှမသိနိုင်ဘူး၊ အာဟာရ ပျော်ရည်တွေသောက်ရင်း သေရတာက သနားစရာကောင်းတယ် မဟုတ်ဘူးလား။ ကျွန်တော်တို့က ထောက်ပံ့ပို့ဆောင်ရေးဝန်ထမ်းတွေပဲ၊ ဒီစစ်တပ်နယ်မြေမှာ တစ်ဖွဲ့ပဲရှိတာ၊ အနည်းစုပဲ၊ ဒီတသက်လုံး သူတို့အဲ့တာကို မစားနိုင်တော့ဘူးလို့ ခန့်မှန်းရတယ်…”

ပုကျုံးရှင်းက အဖြူရောင် ကုတ်အင်္ကျီကို ၀တ်ဆင်ထားပြီး ပရော်ဖက်ရှင်နယ်ကျတဲ့ စစ်တပ်ကဆရာဝန်တစ်ဦးလို ဖြစ်နေသည်။ ဒါပေမယ့် ရွှေရောင်မျက်မှန်အောက်မှ သူ့မျက်လုံးများကို သုတ်ရန် အချိန်အကြာကြီး မကြာလိုက်ဘဲ ချင်မိုက ယုန်ကို ချက်ချင်းလွှတ်လိုက်သည်။

 "ဟေး ဟေး၊ ဒီယုန်က ဘာလို့ လူတွေကို ကိုက်တာလဲ"

 လျိုဝေဝေ - !!!

 သူမ ပုကျုံးရှင်း ကိုယ်ပေါ်မှ ယုန်ဖြူလေးကို အမြန်ဆွဲယူလိုက်သည်။ ဒီယုန်လေးက သူ့ခြေထောက်တွေနဲ့ ကန်နေဆဲဖြစ်ပြီး ယုန်ငယ်လေးရဲ့ နှုတ်ခမ်းတွေက မြန်မြန်ဆန်ဆန် ပိတ်သွားခဲ့သည်.....

ကြယ်တာရာခေတ် စားဖိုမှူးကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း(mm trans)Where stories live. Discover now