အပိုင်း ၃၀

132 12 0
                                    

Uni

အပိုင်း ၃၀

 ဗီဒီယို ခေါ်ဆိုမှုကို ပိတ်ပြီးနောက် မာရှယ်လီအာ့က အတွေးထဲနစ်မျောသွားခဲ့သည်။  

 "လောင်လီ၊ အဲဒီမိန်းကလေးက ဒီရှေးခေတ် မာပိုတို့ဟူးကို ချက်ပြုတ်တဲ့သူ မဟုတ်ဘူးလား"

 "ဟေး၊ ငါ အလောင်းအစား ရှုံးသွားပြီ၊ သူမက တကယ်ကို ငယ်သေးတယ်"

 "လောင်လီ၊ ဒီနှစ် မင်းတကယ် ကံကောင်းတာပဲ။ မင်းရဲ့ အရှေ့ပိုင်း စစ်တပ်မှာ ရှေးခေတ် ဟင်းချက်နည်းကို သိတဲ့ ဟင်းချက်ရဲဘော်တစ်ယောက်ရှိရင် တခြား ဘယ်နေရာကမှ နိုင်တော့မှာမဟုတ်ဘူး။ စစ်သားတွေမှာ ကိုယ်ပိုင်ဟင်းချက် စစ်သားမရှိရင်တောင် ကိစ္စမရှိဘူး။နေ့တိုင်းစားဖို့ ကန်တင်းကို သွားလိမ့်မယ်!"

 "လောင်လီ စဉ်းစားကြည့်။ ချင်မိုက ဒီဟင်းချက် စစ်သားကောင်မလေးကို သဘောကျတယ်လို့ မင်းပြောခဲ့တယ် မဟုတ်လား။ အဲဒီကလေး ချင်မိုက သူမမှာ ဒီစွမ်းရည်ရှိမှန်း သိပေမယ့် သတင်းမပို့ခဲ့တာလား။ သူက တစ်ယောက်တည်းစားချင်နေတာဘဲ!"

 "မဖြစ်နိုင်ဘူး။ ငါတို့ ချင်မိုကို ငယ်ငယ်လေးကတည်းက သိခဲ့တာ။ သူက ငါတို့ကို အံ့သြစေချင်ခဲ့တာ သေချာတယ်။"

 "အံ့သြစရာပဲ၊ ငါတို့ အရှေ့ဘက် အုပ်စုက အခုနှစ် ကြယ်ရာရာ အဖွဲ့ချုပ်မှာ အင်အားအကောင်းဆုံးစစ်တပ်အုပ်စုဖြစ်လာလိမ့်မယ်။ မဟုတ်ဘူး။ အနည်းဆုံး နောက်ဆယ်နှစ်အတွင်းပဲ။"

 မာရှယ်လီအာ့က သူ့ရှေ့က လူအိုအုပ်စုကို ကြည့်လိုက်တော့ အနည်းငယ် အံသြသွားသည်။ "မင်းတို့တွေ တစ်ပြိုင်တည်း မေးတော့ ငါဘယ်သူအရင်ဖြေရမှာလဲ။အခြေအနေကို ငါစုံစမ်းပြီးပြီ မဟုတ်ဘူးလား? ချင်မိုကို အနောက်ဘက်ကို ပို့ခဲ့တယ်။ ခွေးဥအုပ်စုက(ဆဲတာပါ) ခံစားချက်တွေမြှင့်တင်ဖို့ စစ်ဘက်ဆိုင်ရာ ဖလှယ်မှုတွေ လိုချင်တဲ့အတွက် သူ့ကို ပစ်ချလိုက်တာ” သူ့ရှေ့က ပန်းကန်အလွတ်ကို တစ်ချက်ကြည့်လိုက်ပြီး ပါးစပ်ကို သပ်လိုက်ကာ အစားအစာတွေရဲ့ အရသာကို အရသာခံနေဆဲပင်။

 "ဟေး၊ ကြယ်တာရာ မဟာမိတ် ကူးသန်းရောင်းဝယ်ရေးနဲ့ အစားအသောက် အသင်းဌာနက ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ချက်ပြုတ်နည်းတွေကို လက်ဝါးကြီးအုပ်ထားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ အရပ်သားတွေရော စစ်တပ်ကပါ ဝင်မစွက်ဖက်နိုင်တော့ဘဲ အစားအသောက်ဈေးတွေက အရမ်းစျေးကြီးပြီး သာမန်လူတွေ မြည်းစမ်းဖို့ မတက်နိုင်တော့ဘူး”လီအာ့ဘေးက အဘိုးအိုတစ်ယောက်က သက်ပြင်းချလိုက်သည်။ သူ့ အင်္ကျီလက် တစ်ဖက်က လွတ်နေပြီး လက်တစ်ဖက်ပြတ် စစ်မှုထမ်းဟောင်းဖြစ်သည်။ “အစောက အစားအသောက်စားတုန်းက လွန်ခဲ့တဲ့ အနှစ်ကိုးဆယ်ကျော်က မှတ်ဉာဏ်တွေကို တွေးခဲ့မိတယ်။ အဲဒီတုန်းက ငါက ဗိုလ်ချုပ်ဟောင်းနဲ့ အတူရှိနေတုန်းပဲ။ စစ်မှုမထမ်းမနေရ အခြေအနေနဲ့တောင်မှ ဒီအဆင့်မြင့် ဟင်းလျာတွေကို တစ်လမှာ တစ်ကြိမ်လောက်ပဲ စားသုံးနိုင်ပေမယ့် အချိန်တိုင်း ငါ့အတွက် တစ်ကိုက်စာတော့ သိမ်းထားတုန်းပဲ။ အခုမှပဲ နှစ်ပေါင်းများစွာကြာအောင် လွမ်းဆွတ်ခဲ့ရတဲ့ အရသာကို သတိရသွားတယ်။"

ကြယ်တာရာခေတ် စားဖိုမှူးကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း(mm trans)Where stories live. Discover now