အပိုင်း ၄၄

115 7 0
                                    

Uni

အပိုင်း ၄၄

 ညနေခြောက်နာရီတွင် လေ့ကျင့်ရေးပြီးဆုံးသော ပထမအသုတ် အရာရှိများသည် ကန်တင်းသို့လာပြီး တန်းစီနေကြကာ သူတို့ မျက်နှာတွေက စိတ်လှုပ်ရှားမှု အပြုံးများဖြင့် ပြည့်နှက်နေသည်။ လူအတော်များများက သူတို့ တံတွေးကိုမျိုချပြီး သူတို့ဗိုက်ကို အလိုအလျောက်ထိမိခဲ့ကြသည်။ ဒီနေ့ ညစာစားပွဲကို သူတို့ စောင့်မျှော်နေခဲ့တယ်ဆိုတာ သိသာသည်။

 မနေ့က လေ့ကျင့်ရေးမှာ ထိပ်ဆုံး ၂၅% စာရင်းကို ဒီနေ့ ဖယ်ထုတ်လိုက်ပြီ။ အထူးသဖြင့် အရင်အဆင့်ရဲ့ အလယ်နေရာမှာ ကျပ်သိပ်လုနီးပါးဖြစ်တဲ့ စစ်သည်တွေဟာ စားဖို့အတွက် သူတို့ရဲ့ ခွန်အားတွေအားလုံးနီးပါးကို အသုံးပြုခဲ့ရသည်။ တစ်ရက်၏ အဆင့်သတ်မှတ်ချက်ကို ရှေ့တန်းသို့ကပ်ထားသရွေ့ ၎င်းတို့သည် ကန်တင်းတွင် တစ်နေ့လျှင် အစားအစာသုံးနပ်ကို စားနိုင်ကြပြီး နောက်နေ့ အဆင့်သတ်မှတ်ခြင်း မပြုမီအထိ စောင့်နိုင်သည်။

 "ငါ ဒီနေ့ ၂၄.၉% ရတယ်၊ နောက်ဆုံးတော့ လမ်းလျှောက်ဝင်လာနိုင်ပြီ။ မနေ့ညက အစားအသောက် သုံးခုလုံးက ဒီမနက် မိုးလင်းတဲ့ထိ အိပ်မပျော်အောင် ရနံ့ သင်းသင်းလေးတွေရခဲ့ပြီး သွားရည်တွေ စီးကျလာပေမယ့် ငါ အာဟာရပျော်ရည်တွေကိုပဲ သောက်လို့ရခဲ့တယ်။ အဲ့ဟာက မနှစ်ကနဲ့အရသာ အတူတူပဲ "

 "ဒီဟင်းကို အဆင့်မြင့်စားသောက်ဆိုင်ရဲ့ အပြင်မှာ ထားရင် အနည်းဆုံး ခရက်ဒစ် ၁၀၀၀၀၀ ရောင်းရလိမ့်မယ်လို့ ငါတို့အိပ်ဆောင်ရဲ့ ဟိုဘက်အခန်းက အဖော်ဆီကနေကြားသိခဲ့ရတယ်။ ငါတို့ စစ်တပ်နယ်မြေရဲ့ ကောင်းကျိုးချမ်းသာကို အပြည့်အဝ ခံစားရတာပဲ" 

 အားလုံးက ရယ်မောကာ ကန်တင်းထဲ လျှောက်သွားခဲ့ကြသည်။ ဒါပေမယ့် ၎င်းတို့ကို အေးစက်တဲ့ စက်ရုပ်များနှင့် အသံတိတ်ဆိတ်နေတဲ့ စားပွဲများနှင့် ကုလားထိုင်များကသာ ကြိုဆိုခဲ့ကြသည်။

 စက်ရုပ် နံပါတ် ၁ - "ဒီနေ့ ညစာ A ကတော့ သခွားမွှေးသီး၊ ပူစီနံ နဲ့ မြက်ပင်အရသာ အာဟာရပျော်ရည်တွေဖြစ်ပြီး B က ဖရဲသီး၊ ဘလူးဘယ်ရီနဲ့ အရသာရှိတဲ့ ဟင်းသီးဟင်းရွက် အာဟာရပျော်ရည်တွေပါ။ A ကိုရွေးချယ်တဲ့သူတွေကတော့ ဘယ်ဘက်မှာရှိတဲ့ စက်ရုပ်နံပါတ် ၂ ဆီသွားပြီး၊ Bကိုရွေးချယ်တဲ့သူ အတွက်ကတော့ ကျေးဇူးပြုပြီး ရိက္ခာများရယူရန် ညာဘက်ရှိ စက်ရုပ်နံပါတ် ၃ဆီသို့သွားပါ။ သင်၏ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါသည်"
 အပြေးအလွှားဝင်ရောက်လာသော တပ်ကြပ်ကြီးများအားလုံးက ဘယ်ဘက်နဲ့ညာဘက်ရှိ စက်ရုပ်နံပါတ် ၂ နှင့် နံပါတ် ၃ ကိုကြည့်ကာ ၎င်းတို့၏ နောက်တွင်ရှိသော တောင်ကုန်းတစ်ခုစာအထိမြင့်တဲ့ အာဟာရပျော်ရည်များကို စိုက်ကြည့်နေကြပြီး သူတို့အမူအရာများက ကွဲအက်သွားခဲ့ကြသည်။
 လူများစွာက သူတို့နှာခေါင်းဖြင့် ကန်တင်းအတွင်းမှ လေကို အပြင်းအထန် ရှူရှိုက်ခဲ့ကြသည်။ ယနေ့တွင် ဆိုင်ထဲ၌ ထူးခြားသော အနံ့မရှိပေ။ မဟုတ်ဘူး၊ သူတို့ အခိုင်အမာပြောရမယ်ဆိုရင် ဒီနေ့နေ့လည်မှာ သီတံမှကျန်ခဲ့တဲ့ ရနံ့က ခပ်ဖျော့ဖျော့ရနံ့တော့ ရှိသေးသည်။ နှပ်ထားသော ဘာဘီ အသား၏ရနံ့၊ ကြက်တောင်ပံပြုတ်နှင့် ဇီရာဟင်းခတ်အမွှေးအကြိုင်များ ယင်းအကြောင်းကို တွေးရုံဖြင့် သွားရည်ယိုသွားစေသည်။

ကြယ်တာရာခေတ် စားဖိုမှူးကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း(mm trans)Where stories live. Discover now