အပိုင်း ၅၃

93 11 0
                                    

Uni
အပိုင်း ၅၃

 လူတို့က ထိခိုက်အလွယ်ဆုံးအချိန်တွင် သူတို့ကိုပြုစုစောင့်ရှောက်ပေးတာကို အမြဲမျှော်လင့်ကြပြီး ချီတုံချတုံ အဖြစ်ဆုံးအချိန်များတွင် အကြံပေးချက်အချို့ရဖို့ အမြဲမျှော်လင့်ခဲ့ကြသည်။ ဆရာမ ချန် ထွက်သွားတဲ့အခါ လျိုဝေဝေက ကုတင်ပေါ်မှာ ထိုင်နေဆဲဖြစ်ပြီး ဆရာမ ပြောခဲ့တဲ့စကားကို တိတ်တဆိတ် တွေးနေမိသည်။ 'ဗိုလ်မှူးနဲ့ လက်ထပ်ရင် ဆုံးရှုံးစရာ ဘာမှမရှိတဲ့ပုံပဲ။ ဆန့်ကျင်ဘက်အနေနဲ့ ဗိုလ်မှူးမှာက ပရိသတ်ထောင်ပေါင်းများစွာရှိပြီး သူမကိုလက်ထပ်လိုက်တာနဲ့ ပန်းပင်လယ်ကြီးတစ်ခုကို ဆုံးရှုံးသွားနိုင်တယ်။'

 ဗိုလ်မှူးက ရုပ်ချောတယ်၊ သူ့ရုပ်ရည်က ကောင်းမွန်တယ်၊ သူ့ရဲ့စစ်ရာထူးက မြင့်တယ်၊ သူ့ဆရာက မာရှယ်၊ သူ့နောက်ခံက အရမ်းအားကောင်းတယ်၊ သူ့အနာဂတ်က အဆုံးမရှိဘူး။ အဓိကအချက်မှာ လျိုဝေဝေက စစ်မြေပြင်မှာ သားရဲတွေကို တိုက်ခိုက်တဲ့ ဗီဒီယိုလည်း ကြည့်ရှုခဲ့ဖူးသည်။ သူက တစ်ကယ်ရဲရင့်ပြီး တုနှိုင်းမရသော သူဖြစ်သည်။ ထို့အပြင် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ ဗိုလ်မှူးရဲ့ စေ့စေ့စပ်စပ် စောင့်ရှောက်မှုကို ရရှိခဲ့တယ်ဆိုတာ ပြောနိုင်သည်။ အစေခံအမျိုးသားတစ်ဦးအနေဖြင့် ဗိုလ်မှုး၏ စွမ်းဆောင်ရည်ကို လွန်လွန်ကဲကဲ မပြောနိုင်ပေ။ ဆရာမချန်ပြောသလိုပဲ ဒီလိုယောကျ်ားမျိုးကို သာမန်နည်းလမ်းနဲ့ ရှာမတွေ့နိုင်ဘူး။

လျိုဝေဝေ တွေးနေရင်း ရှက်သွားကာ လူနာဆောင်ထဲ လျှောက်လာတဲ့ ကြမ်းတမ်းတဲ့လူကို သူမ သတိမထားမိလိုက်ပေ။ ဒါပေမယ့် ရုတ်တရက် နက်ပြာရောင် ကတ္တီပါဘူး သေးသေးလေးကို သူမရှေ့တွင် ထုတ်ခဲ့သည်။ လက်သည်းခြောက်ချောင်းရှိသည့်သရဖူဖြင့် တောက်ပပြီး ပြိုးပြိုးပြက်ပြက်ပြက်လက်နေတဲ့ စိန်လက်စွပ်တစ်ကွင်းကို လျှပ်တပြက် ဖွင့်လာခဲ့သည်။

လျိုဝေဝေ ငေးကြည့်နေမိသည်။ စိန်ရဲ့အရွယ်အစားက သူမ လက်သန်းထက် ပိုထူသည်။

 "မကြိုက်ဘူးလား" ဗိုလ်မှုး အသံမှာ အနည်းငယ် တိုးလျနေပြီး "ဒါဆို ပြောင်းလိုက်မယ်" သူပြောပြီးတာနဲ့ ခြေထောက်ကို ကြွပြီး ထွက်သွားခဲ့သည်။

ကြယ်တာရာခေတ် စားဖိုမှူးကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း(mm trans)Where stories live. Discover now