အပိုင်း ၄၆

88 7 0
                                    

Uni

အပိုင်း ၄၆

လျိုဝေဝေ နိုးလာသောအခါ ပြတင်းပေါက်မှ ဖြာကျလာသော နံနက်ခင်းအလင်းရောင်မှလွဲပြီး တစ်ခန်းလုံး အနည်းငယ် မှောင်နေသေးတာကို တွေ့ရှိခဲ့သည်။ လူနာဆောင်၏ လသာဆောင်တွင် ပိန်ပိန်သွယ်သွယ် ပုံရိပ်တစ်ခုက မတ်တပ်ရပ်နေသည်။ သူမ ရုန်းကန်လိုက်တော့ စောင်ရဲ့ ပွတ်တိုက်သံ ထွက်လာခဲ့သည်။ ဝရံတာမှလူက အသံကြားတော့ ချက်ချင်းလှည့်ကြည့်ပြီး အခန်းဆီ လျှောက်လာခဲ့သည်။

 "နိုးပြီလား " တိုးညင်းသောအသံက အနည်းငယ်အေးစက်နေသော်လည်း စိုးရိမ်ပူပန်နေမှန်း သိသာသည်။

လျိုဝေဝေက သူမ ဘယ်အချိန် ပြန်အိပ်ပျော်သွားမှန်း မသိခဲ့ပေ။ ဘာမှလုပ်စရာမရှိဘဲ ဒီဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေတာကိုသာ ခံစားလိုက်ရပြီး ခဏအကြာမှာ သူမ အိပ်ပျော်သွားခဲ့တာဖြစ်သည်။ အခု သူမ ဆေးရုံကုတင်ရှေ့တွင် ရပ်နေသော အမျိုးသားကို မြင်လိုက်ရပြီး သူ အရင်တစ်ခေါက်က ပြောခဲ့သည် မေးခွန်းတွေကို မှတ်မိဖို့ အားစိုက်ထုတ်ခဲ့ရသည်။ သူမ သေသေချာချာ မစဉ်းစားခဲ့ဘဲ လဲလျောင်းရင်း အိပ်ပျော်သွားပုံရသည်။

လျိုဝေဝေ ချက်ချင်း မျက်နှာပူသွားသည်။ သူမက အရေထူနေတာလား ဒါမှမဟုတ် မွေးပြီးပြီးချင်း ရှက်ကြောပျက်နေခဲ့တာလား။ သူမ အကြွေးတင်နေပြီး အခုလည်း သူမရင်သွေးရဲ့အဖေကို မသိတဲ့ လက်မထပ်ရသေးတဲ့ မိခင်တစ်ယောက်လည်း ဖြစ်နေသည်။ အဲ့တာကို သူမ ဘယ်လိုလုပ် အေးအေးဆေးဆေး အိပ်နိုင်ရတာလဲ။ ဒါကိုတွေးပြီး သူမရှေ့ကလူကို တုံ့ပြန်ဖို့မေ့သွားခဲ့သည်။ သူမ သူ့ကိုကြောင်အစွာ စိုက်ကြည့်ရင်း စိတ်တွေ လွတ်သွားသည်။

လျိုဝေဝေ ပြဿနာတစ်ခုအကြောင်း တွေးနေမိသည်။ မနက်မိုးလင်းလို့ အိပ်ရာ နိုးလာတဲ့အခါ သူမ အရမ်းဝမ်းနည်းမနေဘူးဆိုတာ ရုတ်တရက် သိလိုက်ရသည်။ သာမန်အမျိုးသမီးတွေကတော့ စိတ်ပျက်အားငယ်နေမှာ သေချာပြီး သူမတို့ဗိုက်ထဲက ကလေးက သူမတို့ အနာဂတ်ပျော်ရွှင်မှုကို ပျက်စီးစေတယ်လို့ ခံစားရလိမ့်မည်။ အမှန်တော့ ယောက်ျားတော်တော်များများက အဲ့ဒိအချိန်ဆို သူတို့နဲ့ မသက်ဆိုင်တဲ့ ကလေးတစ်ယောက်ကို လွယ်လွယ်ကူကူ လက်ခံနိုင်ကြမယ့်သူမရှိပေ။ ဒါပေမယ့် မထင်မှတ်ပဲ သူမကိုယ်တိုင်က အရမ်းစိတ်ပူ​မနေဘဲ အိပ်ပျော်သွားခဲ့သည်။ လက်ထဲက ပြဿနာအတွက် သူမ လုံးဝ စိုးရိမ်ပုံမပေါ်ပေ။

ကြယ်တာရာခေတ် စားဖိုမှူးကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း(mm trans)Where stories live. Discover now