Day 1

880 61 12
                                    

ဖင်ကပ်ကျန်မှ နွားနို့ခွက်ထဲ
ပိုးကောင်ရှာတွေ့သလိုမျိုး သူဆိုတာကလည်း
ငါ့ဘဝထဲ ထွေးထုတ်ရခက်တဲ့ ပုံစံမျိုးနဲ့
ဝင်လာတယ်..အံ့ပါရဲ့  ။

。。。

"Bible Wichapas Sumettikul!!"

လူမမြင်ဘဲ ကြားလိုက်ရတဲ့ အသံကြောင့် အခန်းတံခါးဘက်ကို သရဲဝင်လာတော့မလိုမျိုး အထိတ်တလန့် လှမ်းကြည့်လိုက်တယ်။

တစ်ခါတစ်လေတော့လည်း သူတွေးမိပါရဲ့။

အဖေဖြစ်သူဟာ သူ့နာမည်ကို ဘာလို့ ဒီ့ထက်ခေါ်ရလွယ်အောင် မမှည့်ခဲ့ပါလိမ့်။

အခုတော့ သူ့အဖေ သူ့နာမည်ကို အော်ခေါ်တိုင်း အော်ခေါ်တိုင်းမှာ သူလန့်ဖြန့်နေရပြီ။ တစ်ခါတစ်လေကျပြန်တော့လည်း သူတွက်ချက်နေမိသေးတယ်။

လူတွေပြောပြောနေတဲ့ တခြားစကြဝဠာက သူဆိုတဲ့ ပုံတူကောင်ကရော အခုလို နေ့တိုင်းနီးပါး အဖေဖြစ်သူရဲ့ ဒေါသကို မြည်းစမ်းရလား။ သူ့ထက်နည်းရင်တော့ စကားပြောစရာလိုသွားလိမ့်မယ်။

တူချင်းတူ အကုန်တူမှပေါ့။

သူဆို နေ့တိုင်း နီးပါး ကိုယ့်အခန်းထဲ ကိုယ့်ဘာသာအေးဆေး chillနေရင်တောင်မှ ကိုယ့်ဘာသာနေလို့တဲ့။ အပြောခံရသေးတယ်။ ကိုယ့်ဘာသာမနေဘဲ ပြဿနာရှာပေးပြန်တော့လည်း မိဘကို ကျေးဇူးဆပ်တတ်လွန်းတဲ့ကောင်ဆိုပြီး ချီးကျူးခံရပြန်ရော။

အရေးထဲ..အိမ်ရဲ့ စည်းမျဉ်းချမှတ်သူကြီးကလည်း သူ့ယောကျာ်းဘက်ပဲ ပါနေပြီး သားဖြစ်သူကိုကျ ကျီးထိုးထိုးခွေးစားစား ပစ်ထားတယ်။

တစ်ဦးတည်းသော သားလေးဖြစ်တဲ့ သူ့မှာ ဘာတွေများ အပြစ်ရှိလို့လဲ။ ဟုတ်တယ်မလား။ သူတို့ ကျွေးတာစား၊ ပေးတာဖြုန်းနေတဲ့ သူက ဘာများမှားနေလို့လဲ။

အခုလည်း သူ့အခန်းထဲ ဝင်ချလာပြီး ဘယ်ဓာတ်ပြားဟောင်းကို ဖွင့်ဦးမှာလဲမသိပါဘူး။ အဖေ့ဓာတ်ပြားဟောင်းတွေက ဂဏန်းမီးဖွားသလိုပဲ။ အုပ်လိုက်သင်းလိုက် နည်းမနေဘူး။

မျက်နှာကြည့်ရတာတော့ တော်တော်highနေပြီ။ ဒေါသlevelပြောပါတယ်။ ဟဲဟဲ..

SmileWhere stories live. Discover now