Day 18

260 46 5
                                    

သေရတော့မယ်ထင်လိုက်တာ
ဘယ်ဟုတ်မလဲ ဘုရားမလို့ အဲ့ဒါ
ရင်ထဲ လိပ်ပြာတစ်ကောင် ပျံနေသလောက်ပဲရှိတာတဲ့ ။(2)

。。。

"အဲ့! အဲ့ဒါပဲလား.."

ဆတ်ခနဲ ခေါင်းညိတ်ပြတဲ့ Buildကို ကြည့်ပြီး Bible ဘာပြောလို့ပြောရမှန်းမသိအောင် ဖြစ်သွားသည်။ Buildကလည်း သူ့ကို ပြောစရာမကျန်တော့သလိုမျိုး လေတွေ မှုတ်ထုတ်ပြီး လှည့်ထွက်သွားတယ်။

သူ့ခမျာတော့ ပါးစပ်အဟောင်းသားနဲ့ ဖြစ်ခဲ့သမျှ ကြားခဲ့သမျှကို တွေးရင်းတောရင်းနဲ့ ဆန့်တငင်ငင်ကြီး ဖြစ်လို့သွားတယ်။ ရင်ထဲက ပူလောင်စရာ အလုံးကြီး မျောကျသွားပေမဲ့ မပြီးနိုင်မဆုံးနိုင်ဘဲ သူတွေးလို့ကောင်းတုန်း။

နေပါဦး။ ဒါဆို သူBuildကို တာဝန်ယူစရာမလိုဘူးပေါ့?

နည်းနည်းတော့ စိတ်ပျက်သွားတယ်။ ဒါဆို ဒီတစ်ပတ်လုံး သူရင်တွေပူပြီး အခုစီစဉ်လာခဲ့သမျှကလည်း အမျိုးသားကောင်းဆန်လွန်းတဲ့ ပုံပြင်သက်သက်ကြီး ဖြစ်သွားပြီပေါ့။ Buildအတွက်ရော သူ့အတွက်ပါ ဘာမှမဟုတ်တော့ဘူးပေါ့?

ဒါပေမဲ့..သူလုပ်ခဲ့တာတွေ ပြန်တွေးပြီး Bibleပျော်လည်း မပျော်နိုင်ပြန်ဘူး။ မဟုတ်တာတွေ မလုပ်ခဲ့လို့ သက်သာသွားပေမဲ့လည်း..အခု Buildအမြင်မှာ သူက ဘာကောင်ကြီးဖြစ်သွားပြီလဲ။

အစကတည်းကမှ အထင်မကြီးပါဘူးဆို!

တစ်ညလုံး ဖက်ပဲအိပ်တဲ့ နှာဘူးကောင်လို့ တွေးနေမှာမဟုတ်ဘူးလား။ နှာဘူးကျတာခြင်းတူတာတောင် သူက အဖြစ်မရှိတဲ့ကောင်ကြီး ဖြစ်သွားတာပေါ့။

Bible Wichapasဆိုတဲ့ကောင်က ဘာလို့ ဖက်အိပ်တာလောက်ပဲ လုပ်ခဲ့တာလဲ!!

Buildသူ့ကို အဲ့ဒီလို အထင်သေးသွားမှာထက် ရာဇဝတ်မှုနဲ့သာ ထောင်ကျခံလိုက်ချင်တယ်။ ကံကောင်းရင် အိမ်ထောင်ကျမှာလေ။

အခုဟာက သူ့ကို အထင်မကြီးတဲ့လူကိုမှ အထင်သေးအောင် လုပ်ပြလိုက်ရတယ်လို့။ ဘယ်လိုတောင် သတ္တိရှိခဲ့တာလဲ သူ့ကိုယ်သူလည်း မယုံနိုင်ပြန်ဘူး။ သူက ဘယ်လိုကနေ ဘယ်လို အဲ့ဒီလောက်ထိ အဖြစ်မရှိတဲ့ အင်နိုးဆန့်ကောင် ဖြစ်သွားတာလဲ။

SmileWhere stories live. Discover now