မေ့ပစ်ဖို့ဆိုတာ လွယ်ပါတယ်
ရင်နဲ့နင့်နေအောင် မြုပ်နှံထားတဲ့
အချိန်နဲ့ အမှတ်တရတွေသာ မရှိခဲ့ဖူးရင် ။。。。
"ငါဘယ်လောက်တောင် သတိရနေတယ်မှတ်လဲBuild..ခင်ဗျားသေပြီ"
လူကိုမြင်မြင်ချင်း ရန်ရှာလိုက်တဲ့သူ့ကို Buildကတော့ တစ်ချက်ပဲ အဖတ်လုပ်လို့ကြည့်သည်။ ပြီးတာနဲ့ လှည့်ထွက်သွားတာမို့ Bibleတွေ့ကြတာပေါ့လို့ ရေရွတ်ပြီးအထဲကို လိုက်သွားတဲ့အခါမှာ ထုတ်ပိုးထားတဲ့ အရာတချို့ကို တွေ့လိုက်ပေမဲ့ Buildက တခြားနေရာကို ဦးတည်နေတာမို့ သူထပ်ကြပ်မကွာ လိုက်လို့သွားသည်။
Buildအခန်းဖြစ်နေတယ်။ သူတစ်ချက်တွန့်ဆုတ်သွားပေမဲ့ Buildဘက်က ငြိမ်နေတာကို ကြည့်ပြီး ခပ်တည်တည်ဝင်ချသွားလိုက်တယ်။ သူကတောင် အဝင်ခံသေးတာပဲ Bible Wichapasကဘာလို့လဲ။ ဝင်ရဲတယ်။ နေရာတကာကို ဝင်ရဲတယ်။
"မင်းရတဲ့ gradeအကြောင်းနဲ့ မင်းဝင်ခွင့်ဖြေနိုင်ခဲ့တဲ့အကြောင်းဆို ငါသိထားပြီးပြီ ငါမင်းဆရာပါ အဲ့ဒီလောက်ထိ တာဝန်မမဲ့ပါဘူး"
ပြောရဲသေးတဲ့ အဲ့ဒီလူကို သူစူးနေအောင် လှည့်ကြည့်ပစ်လိုက်တယ်။
"ဘာကို တာဝန်မမဲ့တာလဲ ပျောက်ချင်တိုင်းပျောက်သွားပြီးတော့လေ"
"အဲ့ဒါက ငါ့မှာလည်း အကြောင်းရှိလို့လေ မင်းသိပြီးလို့တောင် ဒီကိုရောက်လာတာမဟုတ်ဘူးလား"
အမယ်!လျင်သား။ Buildက ငြိမ်ကျသွားတဲ့ သူ့ကို တစ်ချက်ကြည့်ပြီး အခန်းထဲက မှတ်စုတစ်အုပ်ကို ယူသွားပြီးတာနဲ့ အပြင်ကိုပြန်ထွက်သွားတယ်။
"အဲ့ဒါက ပြီးခဲ့ပြီလေ အခုငါ့ကိုစကားလာပြောလို့ မရဘူးလား"
အနောက်ကနေ လိုက်သွားရင်း ဆက်ပြောလိုက်တဲ့ သူ့စကားကြောင့် Buildဆီက သက်မချသံတစ်ချက်ထွက်လာပေမဲ့ ထူးထူးခြားခြားတုံ့ပြန်မလာ။
"ပြီးတော့ အဲ့ဒီနေ့က ငါ့ကို ပြောမသွားတာကရော"
"ငါအရေးကြီးနေလို့လေ Bible အဲ့ဒီနေ့အစား ငါလာပေးခဲ့တာပဲမဟုတ်ဘူးလား"
![](https://img.wattpad.com/cover/333157911-288-k950961.jpg)
YOU ARE READING
Smile
Fanfictionအပြုံးမရှိတဲ့ အဘိဓာန်ကပြောတယ် မာတိကာက ရုပ်နာမ်ဟာ ဘတ်ငါးရာတန်သတဲ့ ။ S.O˙˙29122022˙˙ E.O˙˙2032023˙˙