Day-43

254 43 1
                                    

အနာဂတ်မှာ သူမပါရင်
ငါမနေဘူးဆိုတာ အလကားမှမဟုတ်တာ
တကယ်တမ်း တွက်ကြည့်လိုက်ရင်
ပစ္စုပ္ပန်မှာတောင် သူမရှိလို့ မဖြစ်ဘူး ။

。。。

သူဆိုင်ကယ်ကို ဖြည်းဖြည်းချင်းရပ်ပြီး ခြေထောက်ထောက်လိုက်တဲ့အချိန်မှာပဲ တူညီတဲ့ ပုံစံမျိုးနဲ့ Buildက အောက်ကို ခပ်ဖြည်းဖြည်းဆင်းသွားတယ်။ ဒီတစ်ခါ သူ့ပုခုံးပေါ်က လက်ကို ကြာကြာတင်ထားခဲ့တာကို သူသတိထားမိတယ်။

ပြုံးစစဖြစ်လိုနေတဲ့ Bibleမျက်နှာကို မြင်တော့ Buildက မျက်ခုံးတစ်ချက်ပင့်တယ်။ သူဘာမှမဖြစ်ဘူးဆိုပြီးသာ ခေါင်းခါပြလိုက်တာ။ တကယ်တမ်း ရင်ထဲမှာ ပန်းဥယျာဉ်ဖြစ်တော့မယ်။

"သွားမယ်လေ မင်းနေခဲ့မလို့လား"

စိတ်မြန်လက်မြန်ရှိတဲ့ Buildက သူ့ကို ထားခဲ့မယ့် အရိပ်အယောင်တွေ အပြည့်ရှိတယ်။ တကယ်ကြီးလား။ နေပူကျဲတဲ လေစိမ်းထဲမှာ သူ့ကို တကယ်ကြီးထားခဲ့နိုင်တယ်ပေါ့။

အဲ့ဒီလိုဆိုတောင် သူကတော့ မနေခဲ့နိုင်ပါဘူး။ Buildကိုယ်တိုင် လိုက်လာပေးတာကို လိုချင်လို့တောင် မတတ်ချင်မနပ်ချင်ယောင်ဆောင်ပြီး စာမေးပွဲဖြေဖို့ Buildလိုက်လုပ်ပေးပါဆိုပြီး ချွဲထားရတာ။

Buildကတော့ သိပ်မယုံပါဘူး။ ဒါပေမဲ့ Bibleမိဘတွေရဲ့မျက်နှာကိုထောက်ပြီး အပူကပ်တဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ သူ့အပြောကို ခေါင်းပဲ ညိတ်ရတယ်။

မတတ်ဘူးဆိုတော့လည်း မတတ်ဘူးပဲပေါ့။

ကျောင်းဝတ်စုံမဝတ်ထားတဲ့ သူတို့နှစ်ယောက်က ကျောင်းအလယ်မှာ ထင်းထွက်နေတော့ လူကြည့်တာတော့ ခံရတယ်။ Buildကတော့နည်းနည်းမှ သတိထားမိတာမျိုးမရှိဘူး။

ဘေးကနေ ရင်တချီချီနဲ့ Buildနားကပ်ပြီး လူရှိန်အောင် ပါလာတဲ့ သူ့ကိုလည်း သတိမထားမိဘူး။ စိတ်ထဲမှာ ဘာလုပ်ပြီးရင် ဘာဆက်လုပ်ရမယ်ဆိုတာကိုပဲ တွေးတောနေသလိုမျိုး။

Bibleလည်း အလုပ်တွေရှုပ်နေပါတယ်။ ပါလာတဲ့ Buildနဲ့ သူ့ကိုဟိုလိုလိုဒီလိုလို အထင်ခံရဖို့အရေး အကြည့်တွေကို စိတ်ကြိုက်ကစားနေခဲ့တာလေ။ ပုံမှန်မျက်မှန်မတပ်တဲ့ သူက အခုမျက်မှန်တပ်ထားတဲ့အပြင် ဥစ္စာခြောက်တဲ့အကြည့်က ပါဝါမျက်မှန်ထက်တောင် ပါဝါအားကောင်းနေဦးမယ်။

SmileWhere stories live. Discover now