Day 17

264 49 1
                                    

သေရတော့မယ်ထင်လိုက်တာ
ဘယ်ဟုတ်မလဲ ဘုရားမလို့ အဲ့ဒါ
ရင်ထဲ လိပ်ပြာတစ်ကောင် ပျံနေသလောက်ပဲရှိတာတဲ့ ။

。。。

Third Person's POV

ခန္ဓာကိုယ်နှစ်ခု ပူးကပ်နေတာ အချိန်အတော်ကြာသွားပြီးတဲ့နောက်မှာ သတိပြန်ဝင်လာတဲ့ Buildဘက်က သူ့လည်တိုင်ကို ဖမ်းချုပ်ပြီး ထင်တိုင်းကြဲနေတဲ့ Bibleကို အားအကုန်သုံးပြီး တွန်းထုတ်လိုက်တော့ ကုပ်နဲ့ ခွာချပစ်လိုက်သလိုမျိုး Bibleက ဘုတ်ခနဲ ထိုင်လျက်လဲကျသွားတယ်။

အမှောင်ရိပ်ကျနေတာမလို့ ဘယ်သူမှ မမြင်လိုက်တာ သေချာပေမဲ့ Buildကိုယ့်ကိုကိုယ်တောင် မယုံနိုင်အောင်ပဲ။ Bibleက Buildကို အဲ့ဒီလို ဇဝေဇဝါဖြစ်အောင် လုပ်လိုက်နိုင်တာပဲ။

Buildမျက်နှာက ဖြည်းဖြည်းချင်း နီလာပေမဲ့ ခြေကားယားလက်ကားယားနဲ့ ညည်းညူနေတဲ့ Bibleကိုကြည့်ပြီးတော့ ဘာကိုမှ တုံ့ပြန်မနေတော့ဘဲ စိုက်ကြည့်နေလိုက်သေးတယ်။

Buildပုံက လှည့်ထွက်သွားဖို့ ဟန်ပြင်နေတာနဲ့ ပိုတူနေပေမဲ့လို့ သိပ်မကြာခင်မှာပဲ နှာဖျားကနေ လေပူငွေ့သေးသေးတွေ ပြေးထွက်သွားပြီး မြေပြင်ပေါ်က Bibleကို ဆွဲထူလိုက်သည်။

"အာ..Build ငါ့နှုတ်ခမ်းနာတယ်"

ဆွဲထူလိုက်တာ ယောကျာ်းအားနဲ့မို့ ဘာတွေ မျှော်လင့်နေတာလဲဆိုပြီး ပြောရအောင်ကလည်း ဝူးဝူးဝါးဝါးထွက်လာတဲ့ စကားမှာ နှုတ်ခမ်းဆိုပြီး ပါလာတာမလို့ Buildမျက်မှောင်ကုတ်လိုက်မိသေးတယ်။ Bibleမျက်နှာ Buildဘက်ကို လှည့်လာတော့ သွေးယိုစိမ့်နေတဲ့ အောက်နှုတ်ခမ်းထူထူက Buildခေါင်းကို အော်တိုမက်တစ်အနောက်ကို တွန့်သွားစေပြီးသားပဲ။

Buildကြောင့် ဖြစ်သွားတာ သေချာပေမဲ့ ကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့အတွက် အားနာစိတ်တောင် ဖြစ်မလာဘူး။ အားနာစရာလည်း လိုမယ်မထင်ဘူး။ Buildနှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီးတော့ ကားပေါ် အမူးသမားကို အရောက်ခေါ်နိုင်တဲ့အထိ အံကြိတ်ထားခဲ့ရတယ်။

အစောက ထင်ချင်တိုင်းထင်၊ ပြောချင်တိုင်းပြောပြီး လုပ်ချင်ရာလုပ်ချလိုက်တဲ့ Bibleနဲ့ မတူအောင် Bibleကလည်း ငြိမ်ကျသွားသည်။ ဒါကပဲ Buildကို စိတ်အေးစေတာဆိုပေမဲ့ Buildမျက်နှာမဲ့ထားမိတာကို ဘယ်လိုမှ ထိန်းလို့ မရဘူး။

SmileWhere stories live. Discover now