Day 14

282 48 7
                                    

ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်
သူဌေးသားတစ်ယောက် ခေါင်းမီးတောက်ရတဲ့
အကြောင်း သတင်းစာထဲ ပါလာတယ်  ။

。。。

သူပြောခဲ့သလိုပဲ။ အိမ်မှာ တစ်နေကုန် အောင်းရင်အောင်းနေပြီး တစ်ခါတစ်လေ စိတ်ဝင်စားစရာလောကကြီးကို စူးစမ်းဖို့ရာအတွက် အပြင်ကို ဒုက္ခထွက်ရှာလေ့ရှိတဲ့ Bible Wichapasဟာဆိုရင် သူ့အိပ်ချိန်စားချိန်နဲ့ ပတ်သက်လာရင်တော့ sensitiveသိပ်ဖြစ်ကြောင်းလေ။

ညဘက် အိပ်နေတုန်း ဖုန်းဆက်နှိုးခံရရင် အဲ့ဒီနှိုးတဲ့လူသာ မိန်းကလေးဖြစ်ကြည့်၊ အပြင်မှာ ချိန်းပြီး နမ်းပစ်မယ်ဆိုတာ တကယ်တော့ နောက်တာမဟုတ်ပါဘူး။ အခုဆို တရားခံက ယောကျာ်းလေးတစ်ယောက်ဖြစ်နေတာတောင် ကြီးမားလာတဲ့ စိတ်အခြေအနေအရ အပြောနဲ့အလုပ် ညီမျှအောင် လုပ်မိသွားခဲ့ပြီ။

အဲ့ဒီတစ်ယောက်က သူ့ကို အောင်မြင်ခြင်းတွေ ယူဆောင်လာပေးတော့မယ့် ဆရာသမားကြီးဖြစ်နေတဲ့အခါ..

မသိလို့ မေးပါရစေ။ သူတာဝန်ယူရတော့မှာလား?

မနက်နှိုးလာလို့ ရုပ်ပျက်ဆင်းပျက် သမ်းဝါးနေရင်းက ဖျင်းခနဲ စပ်သွားတဲ့ နှုတ်ခမ်းမှာ ကြောက်စရာ တွင်းနက်ကြီးလိုမျိုး အပေါက်တစ်ပေါက် ရှိနေတယ်။ အဲ့က စပြီး ပြန်တွေးကြည့်လိုက်တာ ခေါင်းထဲမှာ ပေါ်လာတာ Build Jakapanကြီးပဲဖြစ်နေတယ်။ ဟာ!သွားပြီလေ။

အဲ့ဒါမှ သွားတာပဲ။ သူဘာတွေ လုပ်လိုက်ပြီလဲ။ ခေါက်တုံ့ခေါက် ပြန်စဉ်းစားပြီးတဲ့နောက်မှာ ကြမ်းပြင်ပေါ် ဒူးခွေကျချင်စိတ်ပါပေါက်သွားတယ်။

ဘုရား!ဘုရား!ဒါမတော်တဆလို့ ယူဆလို့ရတယ်မဟုတ်လားဟင်။ မကောင်းတဲ့ အရည်တွေကြောင့်လို့ လွှဲချလို့ရတယ်မဟုတ်လားဟင်။

ကိုယ့်ကို စာသင်ပေးနေတဲ့ ဆရာဆိုတာကြီးကို တွေးလိုက်ရုံနဲ့တင် ဒါကြီးက တစ်ခုခုကို အပြစ်ပုံချလိုက်ဖို့ ကြီးလေးလွန်းနေမှန်း သူသိလိုက်တော့ မျက်ဖြူပါဆိုက်ချင်လာတယ်။ အပြစ်တင်ခြင်းတင် သူ့ကိုပဲ တင်လိုက်ပါတော့!

SmileNơi câu chuyện tồn tại. Hãy khám phá bây giờ