Day 3

340 45 9
                                    

ပင်လယ်ထဲ ကြယ်လိုက်ကောက်တာကျလို့
သူ့အပြုံးကို မြင်ချင်မိတော့မှ
စုန်းစုန်းမြုပ်သွားတဲ့ ငါ့အသိတရားတွေ  ။

。。。

ဆိုတော့..Build Jakapanက သိပ်ခေါင်းမာတဲ့လူပဲဖြစ်ရမယ်။

Build Jakapanကို ရယ်အောင် လုပ်ကိုလုပ်ပြမယ်လို့ ဆုံးဖြတ်ပြီးတဲ့နေ့ကတည်းကကို သူ့ခေါင်းထဲ အစီအစဉ်ပေါင်းသောင်းခြောက်ထောင် ဖြည့်ထားပြီးနေပြီဆိုပေမဲ့ တစ်ချက်မှ အဲ့လူကို မထိသေးဘူး။

ကြာတော့ သူစိတ်အတော်ပေါက်လာတယ်။ လက်ပေါက်လည်း အတော်ကပ်မယ့်လူရယ်။

Bibleစကားပြောမှ ပြန်ဖြေတယ်။ မဟုတ်ရင် အပိုစကားပြောခွင့်မရှိသလိုမျိုး စက်ရုပ်ကြီးအတိုင်း စာချည်းတသွတ်သွတ်သင်နေတယ်။ တစ်ယောက်နာမည်တစ်ယောက် သိခွင့်ရတာတောင်မှ ကံကောင်းဆိုသလိုမျိုးလေ။

အိမ်က မာတာမိခင်ဝယ်ထားတဲ့ မုန့်တွေ နှိုက်နှိုက်ပြီး ဆရာဖြစ်သူ Build Jakapanကို ဦးထိပ်ပန်ဆင် အရင်ကျွေးပြီး ကပ်ဖားပြန်တော့လည်း မလှုပ်မယှက်ကြီးပဲ။ တစ်ခါတစ်လေ အံ့သြမိတယ်။

Build Jakapanက တည်ငြိမ်ဖို့ထက် သူ့ကို ချေမိုးဖို့ မွေးဖွားလာတာလားလို့ သံသယလည်းဝင်မိလာတယ်။

ဘာကြောင့်လဲဆို အပြင်မှာတွေ့လို့ သူ့ဘက်က စနှုတ်ဆက်လိုက်တာကိုတောင်မှ ဆရာသမားက မမြင်သလို၊ မသိသလို ကျော်တက်သွားတယ်။ အနီးမှုန် အဝေးကန်းထင်ပါရဲ့။

မဟုတ်ဘူး။ သူ့ကိုမှ ကွက်ကွက်မှုန်နေတာ။ သူဆိုတာ Build Jakapanရဲ့ အာရုံခံစနစ်မှာ blockedခံထားရသလိုမျိုး လှိမ့်ပိတ် ကန်ချခံနေရတာ။

ကြာတော့ မခံချင်စိတ်နဲ့ မူလရည်ရွယ်ချက်ကို တိမ်မည်းဖုံးပြီး Build Jakapanဂရုစိုက်တာခံရရေး သူ့အရေးဖြစ်လာတယ်။

ဟော!အစကတော့ စာမသင်ချင်လို့ ရတဲ့နည်းနဲ့ လူကို သိမ်းသွင်းမလို့ပဲ။ အဟုတ်ကြီးနဲ့ စာသင်ချိန်တွေ ပြေးပြီး သူငယ်ချင်းတွေနဲ့ အုပ်လိုက် clubပြေးထိုင်တော့လည်း တစ်ဖက်က သောက်ဖတ်မလုပ်ခြင်း နိယာမတွေကို အဝစားပြီး အီလည်လည်ဖြစ်ပြန်ခဲ့ရတယ်။

SmileWhere stories live. Discover now