Day 20

282 43 7
                                    

မရှိရှိတာကို ရှာရှာကြံကြံ
စွဲလမ်းနေတဲ့ကောင် လက်ညှိုးထောင်ဆို
သေချာပေါက် ငါရှေ့ဆုံးက ဖြစ်လိမ့်မယ်  ။

。。。

အိုခေ။ သူအရိုးသားဆုံး ဝန်ခံရမယ်ဆို Build Jakapanက နည်းနည်းတော့ ချစ်စရာကောင်းပါတယ်။

ရိုလာကိုစတာရဲ့ အမြင့်ဆုံးအဆင့်ကနေ ပြန်ဆင်းလာတဲ့ အခိုက်အတန့်မျိုးပဲ။ ရင်ခုန်စရာတွေ ကုန်သွားပြီးတဲ့နောက်မှာ သူတို့ကြားမှာ မနွေးတနွေး ကိုးလိုးကန့်လန့်အခြေအနေနဲ့ ဒီယာဉ်ပေါ်ကဆင်းဖို့အရေး ခြေမခိုင်လက်မခိုင်ဖြစ်ချင်နေသေးတယ်။ အဓိက ပြောရရင်တော့ တစ်မိုးအောက်တစ်ယောက် Bibleဆိုတဲ့ သူပဲ။

Buildနဲ့ပတ်သက်လာရင် နေရင်းထိုင်ရင်း သရဲဝင်စီးခံရသလို ခံစားချက်မျိုး ရနေတယ်။

Buildကတော့ ဘာတွေ တွေးနေတယ်မသိပါဘူး။ နဂို ဂနာမငြိမ်တဲ့သူ့ကို စာမှာ အာရုံစိုက်နိုင်အောင်ဆိုလား။ Buildအိမ်မှာတုန်းက တိုက်ခဲ့တဲ့ Cocoaကိုပဲ တစ်နေ့တစ်ဘူး ယူယူလာပေးတယ်။ အိုခေ။ သူ့ဝန်ခံချက်က ယုတ္တိရှိသွားတယ်ဟုတ်။

သူBibleပါ။ အကြောင်းပြချက်မရှိဘဲ ဘာကိုမှ အတည်ကြီး မလုပ်ဖူးဘူး။

အခုလည်း သူ့ကို တစ်နေ့မှ မပြတ်အောင် Cocoaဖျော်လာပေးတဲ့ Buildက တစ်နေရာရာက ကြည့်ရင် ချစ်စရာကောင်းနေတယ်လို့ သူထင်တယ်။

"စာမေးပွဲနီးပြီမလို့ အခုလို ခံစားရတာကို ငါနားလည်ပါတယ်..ဒါပေမဲ့ စိတ်ကိုအေးအေးထား..အဲ့ဒါနဲ့ပတ်သက်ပြီး စိတ်ဖီစီးစရာရှိရင် ငါ့ကိုပြောလို့ရတယ်"

အပြုံးသာ မရှိတာ။ ဒီလိုကျ Build Jakapanကြီးက ကြည့်လို့တကယ်ကောင်းတယ်။

သူစာမေးပွဲနီးလို့ အခုလို ဖြစ်နေတာထက် Buildနဲ့နီးနီးလာလို့ ဖြစ်နေတယ်ဆိုတာကိုသာ သိရင် ပိုပြီးကောင်းမှာပဲ မဟုတ်ဘူးလား။ စာမေးပွဲနဲ့ပတ်သက်ပြီး စိတ်ဖိစီးနေတယ်ထင်ရအောင် သူက ဘယ်သူလဲ။

Buildက ဒီလိုကျ အမြင်ကတ်စရာကောင်းသွားပြန်တယ်။ ကိုယ့်အနီးကပ် စာသင်ပေးနေတဲ့ လူအကြောင်းကိုတောင် ဂဃနဏမသိသေးဘူး။ တခြားလူဆိုထားပါ။

SmileWhere stories live. Discover now