Day 11

290 45 6
                                    

ထမင်းနင်တာ နေရသက်သာသေးမှန်း
ငါ့ဘဝတစ်သက်တာလုံး မသိခဲ့ဘူး
Jနဲ့ စတဲ့ ဂျယ်လီကို မျိုမချမိခင်အထိတဲ့လေ  ။

。。。

Build Jakapan ချွန်ဘူရီကို ပြန်သွားသတဲ့။ မနက်ဆို အိပ်ချင်စိတ်ကို တွန်းလှန်ပုန်ကန်ပြီး စာသင်ဖို့အရေး ကြိုးစားအားထုတ်နေရတဲ့ သူ့ကိုတောင် အသိမပေးဘဲ ခွင့်တစ်ပတ်ယူသွားမှန်း အိမ်က ဖခင်ကြီးပြောမှ သိလိုက်ရတဲ့အဖြစ်မို့ မျက်လုံးကို တကျွိကျွိမြည်အောင် ပွတ်သပ်နေရင်းက လာစနေတယ်အမှတ်နဲ့ ဖခင်ကြီးကို ပြန်ပြောင်ပြမိလို့ အဆဲခံထိသွားတယ်။

ပြန်တွေးကြည့်တော့ စိတ်ပေါက်လည်း ပေါက်ချင်စရာကြီးပါပဲ။ ဆရာလုပ်နေတဲ့ လူက စာလာမသင်နိုင်တဲ့အကြောင်း တပည့်ကိုမှ မပြောသွားရင် ဘယ်သူ့ကို ပြောနေတော့မှာလဲ။

Build Jakapanက သူ့ကို စာသင်နေတာလား? သူ့အဖေကို စာသင်နေတာလား?

ဒီလောက်ဖြစ်လှတဲ့ လူကို ပြန်လာမှ အိပ်ငိုက်နေတုန်း ခြေဖျားကို အပ်နဲ့ ဆွဆွပြီး ပညာပြပြဦးမယ်။ Buildက ရုပ်တည်ကြီးနဲ့အမြဲ စတိုင်ထုတ်နေပေမဲ့ သူ့ကို စာပေးပြီး တစ်ခါတစ်လေ မှေးနေတတ်တယ်။ အဲ့လိုအချိန်ဆို သူလိုက်မစရရင်ကို မနေနိုင်တော့ဘူး။

ယားလို့ ယောင်တိုင်းသာ အမှန်ပြောမယ်ဆိုရင် Buildတစ်နေ့ ဘယ်နှစ်ခါ အသက်ရှူတယ်ဆိုတာပါ သူသိနေလောက်ရောပေါ့။ ဒါပေမဲ့ အခုကြည့်ပါဦး။ ကဲ!!

Buildက ချွန်ဘူရီဇာတိမှန်းတောင် သူမသိဘူးတဲ့လေ။ အဘက်ဘက်ကကြည့်ရင် သူ့ရာဇဝင်က အတော်ရိုင်းနေပြီ။ ကျန်တာမသိရင်နေပါ။ သူ့အနားက လူတွေအကြောင်းကိုတော့ ရေရေလည်လည်သိအောင် လေ့လာထားတာက သူ့အကျင့်ပဲကို။ အခုတော့ ဘာဆိုဘာမှ မသိရပါလား။

မေးမိရင်လည်း မင်းပညာရေးဝန်ကြီးဖြစ်တော့မှ သင်ရိုးပြောင်း မေးခွန်းထုတ်ဆိုတဲ့ သောက်ကျိုးနည်း စကားထူးကြီးတွေက နားထောင်ရဦးမှာ။

တစ်ပတ်လုံးလုံး စာမသင်ရမယ့်အတူတူ ပညာရေးဝန်ကြီးဖြစ်မှ သိခွင့်ရမယ့်ပုံပေါ်တဲ့ အကြောင်းတွေကို သိရဖို့အရေး သူကြိုးပမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဝန်ကြီးဖြစ်ဖို့ စာကြိုးစားတာမဟုတ်ပါဘူး။ သတင်းနှိုက်ဖို့ သူ့သူငယ်ချင်းတွေကို သွားရှာလိုက်တာ။

SmileWhere stories live. Discover now