Day-49

212 35 21
                                    

ထွေးထုတ်မရတော့လို့ ငုံထားလိုက်တယ်
သူက အဲ့ဒီလို ကပ်ငြိနေတဲ့ အရာမလို့
တာဝန်ယူပေးရင် သိပ်ကောင်းမယ်  ။

。。。

အဲ့ဒီနေ့က သူပြန်ကြားတာ Build Jakapanက သိပ်မကြာခင်မှာပဲ စေ့စပ်တော့မယ်တဲ့။

အခုတော့ သိပ်မကြာခင်မဟုတ်တော့ဘူးပေါ့။ သူတောင် ယုံတစ်ဝက်မယုံတစ်ဝက်နဲ့ စောင့်ကြည့်နေခဲ့ရင်း အောင်စာရင်းတောင်ထွက်သွားခဲ့ပြီးပြီ။ Buildကတော့ အိမ်ကိုပြန်သွားတဲ့ဆီကနေ လမ်းမေ့သွားသလားမသိဘဲ ပြန်ပေါ်မလာတော့ဘူး။

Bibleဆက်သွယ်လို့မရအောင်လည်း ဘာလုပ်ထားတယ်မသိရဘဲ Buildက ခဏလေးအတွင်းမှာ ခြေရာဖျောက်တာ တော်လွန်းခဲ့တာပဲဖြစ်လိမ့်မယ်ထင်ပါတယ်။ သူကတော့ အဲ့ဒီလိုလူကို ယူမယ့်မိန်းကလေးရှိလို့လားဆိုတဲ့ စိတ်နဲ့အခုအချိန်ထိ Buildစေ့စပ်မယ်ဆိုတဲ့သတင်းကို မယုံပေးထားဘူး။

ဟုတ်တယ်လေ။ သူတောင် သဘောထားကြီးလွန်းတဲ့ လူဖြစ်နေတာမလို့ Buildကို ဖွင့်ပြောဖို့ ဆုံးဖြတ်ထားခဲ့တာ။ Buildလို အေးစက်စက်လူကြီးကို သူ့ထက် သည်းခံနိုင်မယ့်လူ ရှိစရာအကြောင်းမရှိဘူးဆိုတာတော့ သေချာတယ်။

သူ့ဆီ ရောက်မလာတဲ့ Buildကိုလည်း သူစိတ်တိုနေမိသေးတယ်။ ဘာမပြောညာမပြောထွက်သွားတာကရော၊ အခုသူပြောမယ့်စကားကို နားမထောင်ဘဲ အဆက်အသွယ်ဖြတ်သွားတာရော ဒါက သူ့ကိုတမင်တကာ မလေးမစား ငြင်းသွားတာနဲ့တောင် တူနေသေးတယ်။

Build Jakapanက သူ့ကို အဲ့ဒီလိုလုပ်ရတာ ကြိုက်တယ်မဟုတ်လား။ အဲ့ဒါကြောင့် သူထင်တာတော့ အခုလိုထွက်သွားတာရော၊ သူ့အဖေဆီက ပြန်ကြားရတဲ့သတင်းကရော တကယ်အမှန်မဟုတ်ဘဲ သူ့ကိုသက်သက်မဲ့စိတ်ဆွပေးတာလို့ပဲ သဘောထားတယ်။

Buildကိုယ်တိုင် လာမပြောသရွေ့မယုံပေးနိုင်ဘူး။ Buildပြောရင်တောင် ယုံချင်မှယုံမိမှာ။ Build Jakapanကို သူကလွဲပြီး ယူရဲမယ့်လူမရှိဘူးဆိုတာ သူအခိုင်အမာပြောနိုင်တယ်။

သူမနက်စာစားပြီးတာနဲ့ အပေါ်ထပ်ကို ပြန်တက်သွားလိုက်ပြီး ကိုယ့်ကိုကိုယ်နောက်တစ်ခါထပ်သလိုက်တယ်။ ဒီနေ့ သူ့သူငယ်ချင်းတွေရဲ့ သူ့အတွက် အထူးစပရှယ်ဆိုပြီး ပြင်ထားပေးတဲ့ ပွဲဆီကိုသွားဖို့ရှိတယ်။

SmileWhere stories live. Discover now