part-1

75 6 0
                                    


              မနက်ခင်းတစ်ခုရဲ့သာယာစွာတောက်ပနေတဲ့နေမင်းကြီးရဲ့အလင်းရောင်ကတော့ဝမ်ယွမ် အခန်းရဲ့ပြတင်းပေါက်ကိုထိုးဖောက်လို့လာ
သည် အိပ်ယာဘေးက တကျွီကျွိီမြည်နေသာ နိုးစက်မှာလဲ ရပ်သာ
ရပ်သွားမယ် ဝမ်ယွမ်ကတော့ ထမလာပါ

"ဟဲ့သား ဝမ်ယွမ် ထတော့လေ ဘယ်နနာရီရှိနေပြီလဲ နေကမင်းဖင်
ထိုးလို့ဖင်တောင်ကွဲတော့မယ် ထစမ်းသား"
အခန်းတံခါးကိုအပြင်ကတဘုန်းဘုန်းထုနေသော မားမား၏အသံကြားမှ အိပ်ချင်မှုးတူး နိုးလာကာ

"အင်းးး မား ဘယ်နနာရီ ရှိပြီမလို့လဲ"
ဖုန်းမှ နာရီကိုကောက်ကြည့်လိုက်မှ 9နာရီရှိပြီဖြစ်သည်

"ချီးးးး ဒီနေ့လဲနောက်ကျပြန်ပြီ"

ကျောင်းသွားဖို့ကပြာကယာပြင်ဆင်ပြီး စက်ဘီးလေးကိုအမြန်နှင်း
ကာ ဝမ်ယွမ်သွားခဲ့ပြီလေ နောက်က ကြည့်နေတဲ့မားမားကတော့
ခေါင်းတရမ်းရမ်းနှင့် ရေရွတ်၍သာကျန်ခဲ့သည်

ကျောင်းတွင်...

"ဝမ်ယွမ်ရောက်မလာသေးပါလားဟ"

"နင့်ဝမ်ယွမ်ကဘယ်တုံးကစောစောရောက်ဖူးလို့လဲ"

စူးရှန်းနှင့်ကျန်းတုံးအတင်းတုပ်နေတာကိုဝမ်ယွမ်မြင်၍အနောက်ကနေနှစ်ယောက်လုံး၏ခေါင်းကိုကိုင်ကာလက်ဖြင့်တိုက်လိုက်သည်😂

"နင်တို့ဟာလေ တုပ်စရာ ငါ့အတင်းပဲရှိတာလား"

"တုပ်နေတာ မဟုတ်ပါဘူး နင်နောက်ကျလို့  နောက်ကျတယ်ပြောတာလေ"စူးရှန်းကအနောက်လှည့်၍

"အေး မနေ့ညက စာဖတ်နေတာလေ အဲ့တာနဲ့1ထိုးသွားရောပဲ ဒါနဲ့
စူးရှန်းနင်ဘာဖတ်နေတာ"

"​အဆုံးမဲ့ချစ်ခြင်းတဲ့ bl ficလေး"

"ယွမ်ကော တို့တော့ အဲ့တာတွေ စိတ်မဝင်စားပါ"ဝမ်ယွမ်မဲ့ကာရွဲ့ကာဖြင့်

"အမယ် ကြီးကြီးကျယ်ကျယ်နဲ့ ဖတ်ကဖြင့်မဖတ်ရသေးဘူး အရမ်းကောင်းတာဟ သိလား မုချန်နဲ့တင်းလန်လေ ဟီးဟီး တင်းလန်
လိုလူမျိုးသာ အပြင်မှာရှိရင်သိပ်ကောင်းမယ်"

ပြောပြောဆိုဆိုနဲ့ဝမ်ယွမ် စူးရှန်းလက်ထဲမှစာအုပ်ကိုယူကာ ပြေးသွားတော့သည်

believe&loveDonde viven las historias. Descúbrelo ahora