မှန်ရှေ့တွင်ဝမ်ယွမ်တစ်ယောက်သံချပ်ကာဝတ်စုံဝတ်၍ရှေ့နောက်ကြည့်လို့နေသည်
"ယွီရင်း ငါအဆင်ပြေရဲ့လား"
"ဟီး ဟီး နဲနဲတော့ရယ်ချင်သား နင်ကတကယ့်သေးသေးလေးနော် ဝမ်ယွမ် ချောတာကလဲမိန်းကလေးလိုပဲ"
မျက်နှာများနီတက်လာ၍
"ဘယ်ကသာ""ဟုတ်ပါတယ် အမလေး နင်နဲတင်းလန်နဲ့က လိုက်ပါတယ်ဟ"
"နင့်ကြီးတော်ကိုပဲလိုက် ဒီဘဝမှာဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူး"
"နင်ပြောပုံအရဆိုရင်တော့ တင်းလန်ရဲ့နောက်ဘဝက ဝမ်ကျွင့်ခိုင်ပဲဖြစ်နိုင်တယ် မုချန်ကတော့နင်ပေါ့😁"
"ပေါက်ကရတွေနော်"
"ငါသေဖို့ အချိန်ပိုင်းပဲလိုတော့တယ် ဝမ်ယွမ် နင်တစ်ယောက်တည်းဖြစ်ပါ့မလားဟ"
"ဖြစ်ပါတယ် နင်သာ ပြန်ရောက်ရင် ငါ့ပါးနဲ့မားကိုပြောပေး"
"ဟုတ်ပြီ ဒါဆို ငါတို့ စစ်သူကြီးဆီသွားကြအောင်"
"အင်း"
"စစ်သူကြီးကျောက် ကျမတို့ရောက်ပါပြီ"
"စစ်သည်တော် အပေါင်းတို့ ငါနဲ့မုချန်ရဲ့နည်းအတိုင်း တိုက်ခိုက်ကြရမယ် မောင်မင်းတို့ကအရှေ့ကသွား ယွိမီကရှေ့ဆုံးကနေ လမ်းပြလိမ့်မယ်"
"ဟုတ်ကဲ့ပါ စစ်သူကြီး"
"ဒါဆိုစထွက်ကြမယ်"
.........
"ဘုရင်ကြီးတင်းလန် ဒီနေ့မုချန်တို့လာပုန်ကန်မယ်ကြားတယ်"
"စစ်သည်တော်တွေကငါကိုယ်တော် ဘက်လောက်တော့ မများပါဘူး မုချန်အပြင် အကုန်လုံးကို မရရအောင် ချေမှုန်းကျ တကယ်လို့ မုချန်အသက်ဆုံးရှုံးရရင် မင်းတို့အကုန်လုံးကို ကွက်မျက်ပစ်မယ်"
"အမိန့်တော်အတိုင်းပါ"
မုချန်တို့လဲ တုံ့တိုင်းပြည်တံခါးဝကို ရောက်နေပြီဖြစ်သည်
"မြားတွေနဲ့ အရင်ပစ်ကြစမ်း မောင်မင်းတိူ့"
မြားများတုံတိုင်းပြည်အတွင်းသို့ရောက်လာသည်
BẠN ĐANG ĐỌC
believe&love
Fanfictionအရင်ကဖျက်ထားတဲ့ဟာလေးအခုပြန်တင်ပါပြီ❣️ warning:karroy shipကိုသဘောကျတဲ့သူမှဖတ်ကျပါရှင့်💙💚 systemပုံစံလေးမရေးဖူးလို့tryကြည့်ထားပါတယ်🤭