part-8

11 3 2
                                    

"အိမ်လာတဲ့ဧည့်သည်ကိုဘယ်လိုဆက်ဆံနေတာလဲသားဝမ်ယွမ်"

"မားးးးကလဲ"

"ဒီကသားက"

"ကျွန်တော့်နာမည်ဝမ်ကျွင့်ခိုင်ပါ ဝမ်ယွမ်ကိုသင်ပေးရမဲ့guide"

"အချောလေးပဲ လာသား အိမ်ထဲဝင် ဝမ်ယွမ် တံခါးဖွင့်ပေးလိုက်"

မဲ့ကာရွဲ့ကာဖြင့်ဝမ်ယွမ်အနောက်ကနေလိုက်သွားလိုက်တော့သည်

"သားကျွင့်ခိုင် ကျွင့်ခိုင်လို့ခေါ်လို့ရတယ်မလား"

"ရပါတယ်အန်တီ ကိစ္စမရှိပါဘူး"(တရုတ်မှာကအများအားဖြင့်နာမည်တွေခေါ်ကျရင်အရှေ့ကနေမျိုးရိုးနာမည် ဝမ်တို့ကျန်းတို့ အဲ့လိုလေးတွေထည့်ခေါ်လေ့ရှိကြပါတယ် တကယ်လို့မျိုးရိုးနာမည်မပါပဲခေါ်ချင်ရင်တော့ရင်းနှီးတဲ့သူငယ်ချင်းစသဖြင့်အဲ့လိုမှခေါ်လို့ရတာပေါ့နော်❤️)

"သူ့ကိုများ အမလေး မားကနော် ဘာသဘောကျစရာရှိလို့လဲ"စိတ်ထဲတွင်😂

"မင်း ဒီမှာဘာလုပ်နေတာလဲ ငါမသင်ပေးရတော့ဘူးလား"

"သိပါတယ် မအော်ပါနဲ့ ခင်ဗျားနော် ခင်ဗျားသင်ပေးရမယ်ဆိုတိုင်း အနိုင်ကျင့်ဖို့မစဥ်းစားနဲ့ ဝမ်ယွမ်တဲ့ တစ်ယွမ်ပဲရှိတယိ"

"အော် မအေရှေ့မှာတောင် လာရန်ထောင်နေသေးတယ် သွား ကျွင့်ခိုင်ကို စာကြည့်ခန်းထဲခေါ်သွားလိုက် ငါမင်းပါးပါးကို ခေါ်လိုက်ရမလား"

"အာ ဟုတ်ပြီ ဟုတ်ပြီ ကျွန်တော့်နောက်လိုက်ခဲ့"
ဝမ်ကျွင့်ခိုင်လဲဝမ်ယွမ်မားမားကိုခေါင်းတစ်ချက်ငြိမ့်ပြကာအပေါ်ထပ်သို့လိုက်သွားလိုက်သည် ဝမ်ယွမ်အခန်းတံခါးဖွင့်
လိုက်သော် စာအုပ်စင်မှာနေရာအပြည့်ယူထားတဲ့စာအုပ်တွေ
ကဝမ်ကျွင့်ခိုင်အားအံ့သြသွားစေသည်သူထင်ထားတာကဝမ်ယွမ်ကိုခပ်ပေါပေါကောင်လေးတစ်ယောက်လို့သာ

"မင်းကဘယ်ဆိုးလို့လဲ စာအုပ်တွေဘာတွေဖတ်သားပဲ"

"အဲ့တာကျွန်တော့်ကိစ္စပါ စာသင်ဖို့ပဲစရအောင်"

ဝမ်ကျွင့်ခိုင်တကယ်ပဲခေါင်းခဲသွားစေသည် ဒီလောက်တောင်စွာရသလားဝမ်ယွမ်ရယ်😂

believe&loveWhere stories live. Discover now