part-4

19 3 0
                                    

ဝမ်ယွမ်လဲရထားလုံးပေါ်တွင်မှေးခနဲအိပ်ပျော်သွားတော့သည်
ခနကြာသော်ရထားလုံးဆရာ၏ခေါ်သံကိုကြားလိုက်ရသည်

"သခင်လေးမုချန် မုချန်"

"ဝါးးးးး တောင်းပန်ပါတယ်ဆရာ ကျွန်တော် အိပ်ပျော်သွားလို့"

"လျှုံတိုင်းပြည်ရဲ့စစ်စခန်းကိူရောက်ပါပြီ"

အနီရောင်အခန်းစီးကိုဖွင့်ကြည့်လိုက်သော်တကယ်ပဲရောက်နေပါပြီ ရာပေါင်းများစွာသော တဲလေးများထိုးထား၍မြင်း
များစစ်လက်နက်များခင်းကျင်းထားသည်ကိုဝမ်ယွမ်တွေ့လိုက်ရသည်

"ဘုရား ဘုရား ဒါငါနေရမဲ့နေရာလား ငါလိုလူမျိုးဆိုရင်
တော့ ပထမစစ်တိုက်တဲ့နေ့တင်သေသွားမယ်ထင်တယ်"
"ရပါပြီ ဆရာ ကျွန်တော့် အထုပ်လေးတွေ ဝိုင်းချပေးပါအုံး"

"ဟုတ်ပါပြီ သခင်လေး"

အထုပ်တွေဝိုင်းချပြီးသော်ချန်လင်စမ်းပေးလိုက်သည့်စာထဲကစစ်သူကြီးကျောက်ယွင့်ကိုရှာရတော့မည်

"ဘယ်သူ့ကိုမေးရပါ့"
ရှေ့တွင်ဖြတ်သွားသော စစ်သားတစ်ယောက်ကိုခေါ်၍

"ဒီမှာ ဒီမှာ စစ်သူကြီးကျောက်ယွင့်ကိုသိလား"

"သိတယ်လေ မောင်မင်းက ဘယ်သူမလို့လဲ ကြည့်ရတာတော့ ထမင်းချက်လုပ်ဖို့လာတာထင်တယ် ပျော့တိပျော့ဖက်နဲ့"

"ငါ့ကိုများ ထမင်းချက်တဲ့ အံ့သြတာ"
ထိုစစ်သားပြောမည်ဆိုလဲပြောရလောက်သည် ဝမ်ယွမ်ကတကယ့်ကိုဖြူဖြူသေးသေးလေး😂

"မဟုတ်ပါဘူး တုံ့တိုင်းပြည်ကလွှတ်လိုက်တဲ့  အမတ်ကြီးချန်စန်းလင်ရဲ့သားတော် မုချန်"

"ဘယ်လို ကျွန်တော်မျိုးတောင်းပန်ပါတယ် စစ်သူကြီးထံခေါ်သွားပေးပါ့မယ်"

"ဘိုးတော် အစကတည်းကအဲ့လိုဖြစ်ရမှာ"မှည့်ကာရွဲ့ကာဖြင့်လိုက်သာသွားတော့သည် ခနကြာသော် အိမ်လေးတစ်လုံးရှေ့သို့ရောက်သွားသည်

"စစ်သူကြီးကျောက် စစ်သူကြီးကျောက် မုချန်ရောက်နေပါပြီ"

"ငါလာပြီ"

စစ်သူကြီးကျောက်မှာအလွန်ပင်ခန့်ညားလွန်းလှ၍ရုပ်ကြည့်သည်နှင့်လက်ရုံးရည်နှလုံးရည်နှင့်ပြည့်ဝသောစစ်သူကြီးမှန်းသိသာသည်

believe&loveWhere stories live. Discover now