part-7

14 2 4
                                    

ဝမ််ယွမ်အိမ်ထဲရောက်သည်နှင့်ထမင်းဝိုင်းလေးကအသင့်ဖြစ်နေတော့သည်

"သား ထမင်းစားရအောင်"

"ဟုတ်မား"လက်ထဲကအိတ်လေးကိုချကာအပြေးအလွှား ထမင်းစားခန်းထဲကို​ဝင်သွားလိုက်သည်

"ဒီနေ့ကျောင်းမှာဘယ်လိုလဲ အဆင်ပြေရဲ့လားသား"

"ပြေပါတယ်မားရယ် စာတွေကတော့ကျော်သင်နေရတာပေါ့ guideကတော့အိမ်လာသင်ပေးမယ်ပြောတယ်"

"ဟုတ်လား ဆရာတွေကတာဝန်ကျေလိုက်တာ"

"နောက်လဆို မင်းအသက်21ပြည့်တော့မှာနော် ဝမ်ယွမ် ကလေးလိုအလုပ်တွေလုပ်မနေနဲ့တော့"ဝမ်ယွမ်ပါးပါးကပြောလိုက်သည်

"ပါးကလဲ ကလေးကိုအဲ့လိုပြောဖို့မလိုပါဘူး သားကဘယ်နားကမလိမ္မာတာရှိလို့လဲ"မားမားကဖြတ်ပြောလိုက်

"အေးလေ အဲ့ပါးဆို ယွမ့်ကို ပြောဖို့ပဲချောင်းနေတာ သွားမစားတော့ဘုး နားညီးတယ်"ဆောင့်ကာ အောင့်ကာ အပေါ်ကိုတက်သွားတော့သည်😂

အခန်းထဲရောက်တော့ဖုန်းမှnotiလေးတစ်ခု💬

sushan-wjkရဲ့weiboနဲ့we chat acc😛

"ဒီနှာဘူးမကတော့သူတစ်ယောက်တည်းမဘူးပဲငါ့ပါလာပို့နေတယ်"

wang yuan-နင့်ဘာသာနင် ကျူလိုက်တော့ ယွမ်ကောတို့အတွက်မလိုဘူး လို့ပို့လိုက်သည်

"တကယ်ပါပဲ ယွီရင်းဘာတွေသွားချွန်ထားတာလဲမသိဘူး စူးရှန်းကတောက်လျှောက်ကိုပေးစားနေတော့တာပဲ မနက်ဖြန်တွေ့အုံးမယ်အဲ့ကမ"

မနက်ခင်းမိုးဖွဲလေးများကပြတင်းပေါက်အပြင်တွင်ကျဆင်းလို့နေသည်ကောင်းကင်ကြီးကြည်လာသည်နှင့်ဝမ်ယွမ်တို့အိမ်၏အပြင်ဘက်လမ်းမတွင်စစည်ကားစပြုလာသည် ဒီနေ့တော့ဝမ်ယွမ်စောစောနိုးနေသည်

"မား သား​ကျောင်းသွားတော့မယ်နော်"

"စက်ဘီးနဲ့ဆိုမဖြစ်ဖူးနော်သား မိုးကလဲရွာနေတာနဲ့ မင်းပါးပါးကလဲအလုပ်သွားခဲ့ပြီ ဒုက္ခပါပဲ"

"ရပါတယ်မားရဲ့ သားအိမ်ရှေ့ကtaxiငှားသွားလိုက်မယ်လေ"

"အင်း သား"

believe&loveМесто, где живут истории. Откройте их для себя