part-2

34 3 0
                                    

"သခင်လေး သခင်လေး"

ဝမ်ယွမ်အိပ်မက်ယောင်နေသလားခံစားမိသည် ဘယ်ကမိန်းကလေးကလာပြီး ကသခင်လေးလို့ခေါ်မှာလဲလေ
ထုံးစံအတိုင်းပေကပ်ပြီးဆက်အိပ်လို့သာနေသည်

"သခင်လေးချန် ထပါတော့ ခမည်းတော် နိုးခိုင်းလိုက်လို့ပါ"ဝမ်ယွမ်ရဲ့လက်မောင်းကိုလှုပ်ယမ်း၍

"ဘာအိမ်မက်လဲကွာ ဒုက္ခပဲ"တီးတိုးပြော၍မျက်လုံးဖွင့်လိုက်သော်ဘေးနားကနန်းတွင်း အဆောင်အယောင်များနဲ့ အစေခံဟုထင်ရသောကောင်
မလေးတစ်ယောက်ကိုရုတ်တရက်တွေ့လိုက်ရသည်

"ဟမ် ငါဘယ်ရောက်နေတာလဲ မားရေ မား"

"အဟွတ် သခင်လေးချန်တော့ နှလုံးဆေးတွေသောက်ပြီး
စိတ်ကမမှန်တော့ဘူးထင်ပါရဲ့"ရယ်မောလျှက်

"ဘာ ငါအခုဘယ်ရောက်နေတာလဲ ပြောစမ်း မင်းကကောဘယ်သူလဲ"

​"အော် သခင်လေးနဲ့တော့ ခက်ပါပြီ ကဲမြန်မြန်သာ ထလိုက်ပါ မိဖုရားခေါင်ကြီးက အခေါ်တော်ဆင့်လိုက်လို့
ကျမ ခမည်းတော်ကိုပြောထားလိုက်ပါမယ် သခင်လေးနောက်ကျမယ်လို့"

အစေခံမလေးပြောတာကိုနားထောင်ပြီးဝမ်ယွမ် ကြောင်အမ်းအမ်းဖြင့်သာကျန်ခဲ့သည်

"ဒုက္ခပါပဲ ဘာတွေဖြစ်နေတာလဲ ဘယ်ခေတ်ကိုရောက်နေတာလဲဟ"ပြောပြောဆိုဆိုနှင့်မှန်ကိုကြည့်လိုက်တော့

"ဟင် ဆံပင်တွေကလဲ အရှည်ကြီး ဝတ်ထားတာကလဲ နန်းတွင်းဝတ်စုံ ပြီးတော့ ပြီးတော့ သခင်လေးချန်တဲ့ ငါမုချန်များဖြစ်နေမလားမသိဘူး"ပြာယာပြာယာဖြင့်အခန်းပြင်ကိုပြေးထွက်လိုက်သည် အခန်း၏အပေါ်တွင် ရေးထားသောစာက ဝမ်ယွမ်အားပိုလို့တောင်စိတ်ပျက်သွား
စေသည်

"ဟုတ်တာပေါ့ မုချန်တဲ့ ဘုရားရေ ငါတော့သွားပါပြီ ဒီထဲကဘယ်လိုထွက်ရမလဲမသိဘူး"

.............

"ဆရာ သားဘယ်အချိန်မှ နိုးလာနိုင်မလဲဟင်"

"အွန်းး ကျွန်တော်လဲ​မပြောတတ်တော့ဘူး အမဝမ်ရေ ဆရာဝန်လုပ်ခဲ့တဲ့ သက်တမ်းတလျှောက်မှာ ဒါမျိုးကြုံဖူးတာ
ပထမဆုံးပဲ မနေ့ကထိ သူဘယ်လိုအခြေအနေလဲ"

believe&loveDonde viven las historias. Descúbrelo ahora