part-6

29 2 5
                                    

"ding ding ding🔔🔔"

"ဝမ်ယွမ်ရေ အရှေ့ကbellတီးသံကြားတယ်"

"ဟုတ်မား"
မနက်စောစောစီးစီးဖြစ်သည်ဝမ်ယွမ်အရင်ခေတ်ထဲရောက်ကတည်းကအစောကြီးထသည်မှာအကျင့်ဖြစ်နေပြီမလို့ကျေးဇူးတောင်တင်ရမလိုဖြစ်နေသည်😂အပြေးအလွှားလေး တံခါး
ကိုသွားဖွင့်လိုက်ပေးလိုက်တော့

"ဘယ်သူလဲ"

"မင်းကဝမ်ယွမ်မလား"

ဝမ်ယွမ်အသက်ရှူရပ်တန့်မတပ်ခံစားလိုက်ရသည် bellလာတီးသောသူမှာဝမ်ကျွင့်ခိုင်ဖြစ်နေသည်

"အမ် အဲ အဲဟုတ်ပါတယ်"

"ယွီရင်းက မင်းကိုအဆုံးမဲ့ချစ်ခြင်းဆိုတဲ့စာအုပ်တောင်းခိုင်းလိုက်လို့"

"ယွီရင်း ယွီရင်း ဟုတ်လား ခင်ဗျားနဲ့ဘာပတ်သတ်နေလို့လဲ"

"စွာလိုက်တာ သူငယ်ချင်းပါဟ မင်းမှာရှိလားမရှိဘူးလားပဲပြော"

"မရှိဘူး စူးရှန်းသယ်သွားပြီ ခင်ဗျား ရချင်ရင် စူးရှန်းနား တောင်းလိုက်"

"အိုကေလေ ဒါဆိုငါသွားတော့မယ်"

ဝမ်ယွမ်တံခါးကိုချက်ချင်းမြန်မြန်ပိတ်လိုက်သည်
"ဟူးးး ငါဘာလို့အဲ့လောက်ရင်ခုန်နေရတာလဲ"

"ဝမ်ယွမ် ဘယ်သူလဲသား"

"လန့်တာမားရာ ဝမ်ကျွင့်ခိုင်တဲ့"

"ဝမ်ကျွင့်ခိုင်ဟုတ်လား မားဖြင့်သားအသိတွေထဲတစ်ခါမှမကြားဖူးပါဘူး"

"ဒီလိုပါပဲ ကျောင်းကsenior"

"သားလေး စာဖတ်ချင်ဖတ်နေလေ စိတ်အခြေအနေကောင်းရင်တော့ ကျောင်းသွားရမယ်နော်"

"အင်းပါမားရယ် ဒါဆိုသားအပေါ်တက်တော့မယ်နော်"

အခန်းတံခါးကိုပိတ်၍ကုတင်ပေါ်တွင်နဖူးပေါ်လက်တင်ကာစဥ်းစားနေမိသည်

"သူကဘာလို့ရုတ်တရက် ရောက်လာတာလဲ ယွီရင်းကသူနဲ့အရင်ကတည်းကသိနေတာလား"

ဝမ်ယွမ်စိတ်ထဲဟာတာတာဖြစ်နေသည် ဘာလိုနေမှန်းလဲမသိ
"တင်းလန်ကိုများလွမ်းနေတာလား ဟာ မဟုတ်တာ သူနဲ့ငါနဲ့ ဘာဆိုင်လို့လဲ"

believe&loveWhere stories live. Discover now