ညနေရောက်သော်
ထုံးစုံအတိုင်းဝမ်ယွမ်အပျင်းကြီးလေးကတော့ဘယ်ခေတ်ရောက်ရောက်အိပ်နေတာပါပဲ😂
"သခင်လေးချန်"
"အင်းးး ဘာလဲ"
"အိပ်မနေနဲ့ ကိုယ်တော်အခန်းရှေ့ရောက်နေပြီ"
"ဘာ"ထိုမှသာ ဝမ်ယွမ် အလန့်တကြားထလာသည်
"ဘာလာလုပ်တာလဲသူက""သခင်လေးမေ့နေပြီထင်တယ် မနက်က ချိန်းထားတာကိုလေ
ကိုယ်တော်အကြောင်းလဲ မသိတာမဟုတ်ပဲနဲ့ နဲနဲလေးနောက်
ကျတာတောင် အဆောင်တော်ထိရောက်လာတတ်တယ်ဆို
တာ""ခမည်းတော်ကော"
"ခမည်းတော် မရှိပေလို့ပေါ့ မဟုတ်ရင် ကိုယ်တော်ကြွလာတယ်ဆိုပြီး အမေးအမြန်းတွေလာလုပ်အုံးမယ်"
"ချန်လေး ချန်လေး ကိုယ်တော်ဝင်လာပြီနော်"တံခါးကိုခေါက်၍
"ဟ အဲ့လိုလုပ်လို့မရဘူးလေ သူများအခန်းကြီး ဝင်ချင်းတိုင်ဝင်လို့ရမလား ချက်ချင်းလော့ချလိုက်စမ်း"
"လော့ ဘာလော့လဲ မင်းတုံးကိုပြောတာလား သခင်လေး"
"ငါမေ့နေတာ ဒီခေတ်မှာ Lockတွေဘာတွေမှ မရှိတာ နေပလေ့စေ ငါသွားပိတ်လိုက်မယ်"
တံခါးပိတ်ဖို့ထလိုက်စဥ်မှာပဲတင်းလန်ဝင်လာသည်
ဝမ်ယွမ်လဲအဝတ်အစားများကပိုကယိုဖြစ်နေသောကိုယ့်ကိုကိုယ်ငုံ့ကြည့်လျှက်"ဘာ ဘာလို့ဝင်လာတာလဲ"
"ချန်လေးမှ မဖွင့်ပေးတာ ကိုယ်တော်ဝင်လာမှာပေါ့"ဝမ်ယွမ်ဘေးတွင်ဝင်ထိုင်လိုက်သည်
"အမိက ဘာလုပ်နေတာလဲ အစေခံနေရာ အစေခံနေလေ"
"ကျွန်မ တောင်းပန်ပါတယ်မင်းကြီး ကျွန်မခု ထွက်သွားပေးပါမယ်"
"ဟ နေအုံးလေ သူလဲ ထွက်သွားပြီဆိုတော့ ဒီကောင် ဒီကောင်ငါ့ကို ဘာလုပ်မလို့လဲ😳"
"ချန်လေး"ပခုံးကိုဖက်၍လက်ကိုကိုင်လိုက်သည်
"အမ် ကိုယ်တော် ကျွန်တော့်ကို ဘာလုပ်လို့မလဲ အခုလွှတ်ပါ"
"မလွှတ်နိုင်ဘူး နန်းတော်နဲ့ အမတ်ကြီးရဲ့သားကအစ ကိုယ်တော့်အပိုင်ပဲ"
ČTEŠ
believe&love
Fanfikceအရင်ကဖျက်ထားတဲ့ဟာလေးအခုပြန်တင်ပါပြီ❣️ warning:karroy shipကိုသဘောကျတဲ့သူမှဖတ်ကျပါရှင့်💙💚 systemပုံစံလေးမရေးဖူးလို့tryကြည့်ထားပါတယ်🤭