part-9

15 4 2
                                    

"အော် ရတယ်လေ ခင်ဗျားကောစားပြီးပြီလား"

"ရပါတယ် ပုံမှန်ငါကညစာသိပ်စားလေ့မရှိဘူး"

"အဲ့ကြောင့်ပိန်နေတာကိုး"တီးတိုးပြော၍

"ဘာဖြစ်တာ"

"ဟီးးး ဘာမှမဟုတ်ပါဘူး အဲ့ဆို စာကြည့်ခန်းထဲသွားရအောင်"

"အင်း"

.........

"စာအုပ်ထုတ်"

"ဟိုလေ ကျွန်တော် တောင်းဆိုစရာရှိလို့"

"ဘာလဲပြော"

"ကျွန်တော်အင်္ကျီလဲချင်တယ် ခင်ဗျားသင်တာနောက်ကျမှာမလား အဲ့တာ.."

"အစကတည်းကပြောတာမဟုတ်ဘူး သွား မြန်မြန်သွားလဲ"

"ဟုတ်😁"ပြီတီတီနှင့်

ခနကြာတော့အပြာနုရောင်အင်္ကျီပွပွလေးအမဲနဲ့အဖြူအစင်းကွက်ဘောင်းဘီပွပွလေးနှင့်ရောက်လာသည် ဖြူဝင်းနေသောအသားရေကြောင့် အပြာနုရောင်နှင့်လိုက်ဖက်လှပေသည်

"ဝမ်ယွမ်ကချစ်ဖို့တော့ကောင်းသား"စိတ်ထဲတွင်

"ဒီနေ့ပေးတဲ့notesတွေရပြီလား"

"ဟုတ် ရပြီ"

"ဒါဆိုရင်လဲnotesတွေကို အရင်းခံပြီး အပုဒ်ကြီးရေးလိုက် စာမေးပွဲမှာပါမှာ"

"ဟုတ်"

ဟုတ်ဆိုသောအသံလေးကဝမ်ကျွင့်ခိုင်နားထဲမှာတော့နားထောင်ရအကောင်းဆုံး
"ဒီလိုလေးလိမ္မာစမ်းပါငတိရာ"စိတ်ထဲတွင်ပြန်ပြောမိနေ၍နှုတ်ခမ်းထောင့်စွန်းလေးအနည်းငယ်ပြုံးမိသွားသည်

"ဘာလို့ပြုံးနေတာလဲ ဘာလဲ ကျွန်တော်ရေးတာ တခုခုမှားနေလို့လားဟင်"ဝမ်ကျွင့်ခိုင်ကိုကြည့်ကာ

ဟိုကအတွေးကမ္ဘာလည်နေတာကိုသူ့ကိုကြည့်နေတာထင်ပြီးအုံးမလုံတွေအုံပွင့်သွားတာ😂
"မဟုတ်ပါဘူး ကိုယ့်စာသာကိုယ်ရေးစမ်းပါ ငါ9နာရီမှပြန်မှာ ရေး"

"အင်းပါ"

ထိုစဥ်ဝမ်ယွမ်မားမားရောက်လာသည်လက်ထဲတွင်လဲဗန်းတစ်ခုနှင့်ခွက်နှစ်ခွက်ယူခဲ့သည်

"ဒီမှာသားတို့အတွက် လက်ဖက်ရည်"

"ကျေးဇူးပါအန်တီ"

believe&loveWhere stories live. Discover now