❤️ အသိပေးဖြေရှင်းခြင်း ❤️

5.4K 137 25
                                    

အစကတော့ ဖြေရှင်းစရာမလိုဘူးထင်လို့ မိုမို ဘာမှ မပြောဘဲ ထားလိုက်တော့မို့ပါ ❤️❤️ ဒါပေမဲ့ မိုမိုက ရှုပ်ထွေးတာတွေ လုံး၀မကြိုက်ဘဲ စိတ်ရှင်းရှင်းနဲ့ပဲ နေတတ်တာမို့ အခုလိုမျိုးလေး စာအရှည်ကြီး ရေးပြီး ဖြေရှင်းလိုက်ရတာပါ ❤️❤️

ပထမဦးဆုံး​၀န်ခံချင်တာက မိုမိုအဖြစ်နဲ့ စာမရေးခင် 2017 လောက်ထဲက မိုမိုက Wattpad မှာစာစရေးခဲ့တာပါ...OTP Fan Fiction တွေပေါ့ ... အဲ့တုန်းကလဲ မိုမိုရေးထားတာလေးတွေက တော်တော်များများ အကြိုက်တွေ့ခဲ့ကြပါတယ်... အဲ့ထဲက တစ်ပုဒ်ကတော့ မိုမိုရဲ့ OTP ကို Male Pregnant Version နဲ့ ရေးထားခဲ့တာပါ... မိုမို အဲ့တာရေးတဲ့အချိန်တုန်းက တော်တော်လေးကို ငယ်ခဲ့ပါတယ်... နောက်ပိုင်း
ပိုပြီး တွေးတတ်လာတဲ့အချိန်မှာတော့ ကိုယ့် idol ရဲ့ ဖြစ်တည်မှုကို ပိုပိုတန်ဖိုးထားတတ်လာပြီး မိုမိုရေးထားခဲ့တဲ့ male pregnant version ကို မိုမိုကိုယ်တိုင် ပြန်သဘောမကျတော့တာရယ်၊ ရေးထားတဲ့ fic တွေအကုန်လုံးကို Zawgyi ကနေ Unicode မပြောင်းနိုင်တော့တာရယ်ကြောင့် မိုမို ရေးခဲ့တာတွေအားလုံးကို Unpublish ခဲ့ပြီး စာရေးပါနားခဲ့ပါတယ် ❤️

မိုမိုက 2017 လောက်ထဲက WP မှာ BL Fiction တွေဖတ်ရတာ သဘောကျခဲ့ပေမယ့် မိုမိုရဲ့ ပင်ကိုစိတ်ကိုက Normal ဘက်ကို ပိုအားသန်ခဲ့တာပါ.... 7တန်းလောက်ထဲက စာရေးဆရာကြီးတွေရဲ့ ၀တ္ထုတွေကို အိမ်ကမသိအောင်ခိုးဖတ်ခဲ့တာပါ.... မထင်မှတ်ဘဲ Wp မှာ မတိုင်းရဲ့  တရား၀င်ဇနီး၀တ္ထုကို acc တစ်ခုက ပြန်တင်ထားတာကို ဖတ်ဖြစ်ခဲ့ပြီး normal တွေကိုလဲ ဒီလိုရေးတာမျိုးရှိပါလားဆိုတာ သိခဲ့ပြီး Normal Fiction တွေကို စဖတ်ဖြစ်ခဲ့တာပါ.....

တစ်နှစ်နီးပါးလောက် Normal ဘက်က စီနီယာတွေရေးခဲ့တာတွေ ဖတ်ခဲ့ပြီး covid 2nd wave အိမ်မှာ အားနေတဲ့အချိန်မှာတော့ မိုမိုဖတ်ချင်တဲ့ပုံစံမျိုးကို ရေးတဲ့သူ မရှိလို့  ကိုယ့်ဟာကိုယ်ရေးကြည့်ရမလားဆိုတဲ့အတွေးနဲ့ စာရေးတာကို နားထားခဲ့တဲ့ မိုမို့စိတ်တွေပါ ပြန်တက်ကြွလာခဲ့ပါတယ်...  အဲ့တာနဲ့ Fangirl life ဘက်က သူငယ်ချင်းတွေကိုတောင် ဘယ်သူ့မှ အသိမပေးဘဲ MoMo ဆိုတဲ့ ဖြစ်တည်မှုလေးကို Zero ကနေစပြီး ပြန်ကြိုးစားခဲ့တာပါ❤️

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now