အပိုင်း ၁

635 65 4
                                    

"မီးမီးရေ ကျောင်းသွားမယ်ဟေ့ မေမေနောက်ကျနေပြီ "

"ပြီးပါပြီ မေမေရဲ့ အရမ်းလောတာပဲ "

လှေကားပေါ်မှပြေးဆင်းလာတဲ့ သမီးလေး
ဟေသူ ကိုကြည့်ရင်း ဒေါ်စိုးယု‌မေ ပြုံးလိုက်သည်

"မီးမီးရယ် ဖြေးဖြေးဆင်းမှပေါ့ တခုခုဖစ်သွားရင် မေမေရင်ကျိုးရချည်ရဲ့ "

"အမလေး ဒီသားမိတွေ မနက်ခင်းကျက်သရေရှိစွာချစ်နေလိုက်ကြတာ "

ဘုရားခန်းထဲမှ ဘုရားဝတ်ပြုပြီး ဆင်းလာတဲ့ ကြီးမေ လှမ်းပြောလိုက်သည်

"ကြီးမေရယ် ဒီသမီးလေးတယောက်ထဲရှိတာ ချစ်ရတာပေါ့ နော် သမီးလေး"

"ဟုတ်တယ် မေမေ မေမေ့ကိုမီးမီးကဒီကမ္ဘာပေါ်မှာအချစ်ဆုံး"

စကားတတ်လွန်းသည့်ဟေသူ့ခေါင်းလေးကိုပွတ်သပ်လိုက်ရင်း အနမ်းတခုပေးလိုက်သည် ဒီသမီးလေးရှိလို့သာ သူဒီလိုရပ်တည်နိုင်တာဖြစ်လို့သူ့ဘဝမှာဒီသမီးလေးသာအရေးကြီးဆုံးဖြစ်သည်

ဒေါ်စိုးယုမေဟာ အသက်၄၂ နှစ်အရွယ် ကလေးမေမေတယောက် စီးပွားရေးလုပ်ငန်းရှင်ပါ မြန်မာနိုင်ငံရဲ့စိးပွားရေး top 10 စာရင်းဝင်တဲ့ ကုမ္ပဏီတော်တော်များများမှာရှယ်ယာပိုင်ဆိုင်ထားပါတယ်

ခင်ပွန်းကရောဂါကြောင့် ဆုံးပါးသွားခဲ့ပြီး သမီးလေးတယောက်နှင့်သူကျန်ခဲ့သည် ခင်ပွန်းဆုံးပါးလို့ စိတ်ဓာတ်ကျတဲ့မိန်းမမျိုးထဲ ဒေါ်စိုးယုမေ
တယောက်မပါဝင်ပါ ဒီသမီးလေးကိုကာကွယ်ပေးရမယ်လို့ စိတ်ကူးထားတာကြောင့်ပိုလို့တောင်စိတ်ဓာတ်ခိုင်မာသည် ဒီဖတဆိုးသမီးလေးကိုလည်း ဒေါ်စိုးယုမေတယောက်အလိုလိုက်သည်

သမီးလေးကို ကျောင်းဝင်ပို့ခဲ့ပြီး ကုမ္ပဏီသို့ဦးတည်ခဲ့သည် သူဘယ်လောက်အလုပ်ရှုပ်နေပါ‌စေ သမီးလေးကို ကျောင်းပို့တဲ့တာဝန်‌ကိုတော့ နေ့တိုင်းယူထားသည် ကျောင်းကြိုမှသာ ကုမ္ပဏီနဲ့အချိန်မမှီတာကြောင့် ကြီးမေနဲ့ အလုပ်သမားတယောက်ကိုသာကြိုခိုင်းရသည်

ရုံးရောက်ပြီး ထိုင်ရာကနေမထဘဲ အလုပ်ဆက်တိုက်လုပ်သည် လက်မှတ်ထိုးစရာများကိုလက်မှတ်ထိုး လုပ်ငန်းရှင်များနဲ့တွေ့ဖို့ရက်ချိန်းယူ meeting အတွက်အချိန်ညှိ တလောကလုံးကအလုပ်တွေအားလုံး ဒေါ်စိုးယု‌‌ေမတယောက်ထဲတာဝန်ယူထားရသလို

~From the eyes to the heart ~Where stories live. Discover now