ဒီလိုနဲ့ လတွေတလပြီးတလကုန်ဆုံးသွားပြီ ဆုထက်လည်းစာသင်ရင်း အန်တီလည်း ရုံးအလုပ်တွေအလုပ်ရှုပ်ရင်းမတွေ့ဖြစ်ကြ
ဟေသူလေးတောင် ၄တန်းပြီးလို့ နွေရာသီကျောင်းပိတ်ရက်မှာလည်း မနားချင်ဘူးဆရာမနဲ့စာသင်မယ်ပြောတာကြောင့် စာသင်ရန်ဟေသူလေးတဝိုင်းသာအချိန်ရှိသည်
"ဆရာမ မီးမီးရောက်ပြီ ...."
"ဟင် ညီမ...."
ဟေသူကိုလိုက်ပို့တဲ့ ဦးဦးက ဆရာမကိုနှုတ်ဆက်လိုက်သည်
"ဦးဦး ဦးဦးက ဆရာမကိုသိလို့လား "
"သိတာပေါ့ ဟိုတခါ စာအုပ်တွေဝယ်ပေးတုန်းကလေ အဲ့စာအုပ်ဆိုင်မှာ ဒီကညီမ အဲ မီးမီးရဲ့ဆရာမရဲ့တွေ့ဖူးတာ ဟုတ်တယ်နော် ဆရာမ..."
"အဲ.. ဟုတ်တယ်သမီးလေး.. "
"ဧည့်သည်ကိုအိမ်ထဲမခေါ်တော့ဘူးလား..."
"ခေါ်ပါတယ်ရှင် ထိုင်ပါဦး...."
တကယ်ဆိုတစိမ်းယောကျာ်းလေးနဲ့စကားတောင်မပြောချင်ပါ သို့ပေမဲ့ ဟေသူ့ရဲ့ဦးလေးဖြစ်တာကြောင့် မကောင်းတတ်လို့ ဝင်ခိုင်းလိုက်သည်
"ဦးဦးပြောတော့ သွားစရာရှ်ိတယ်ဆို တော်ကြာအချိန်မမှီဘဲနေဦးမယ်..."
"မီးမီးကလည်း ရပါတယ် ဟဲဟဲ ဆရာမနဲ့စကားပြောဦးမယ်လေ .."
"အခုတမျိုးတော်ကြာတမျိုး..."
ပြောပြီး ဟေသူလေးက စားပွဲဝိုင်းမှာထိုင်ပြီး စာဖတ်နေသည်
ဆုထက်လည်းဘယ်ကစပြောဖို့စကားရှာမရ တကယ်လည်းပြောစရာစကားမရှိ
"ဆရာမ တယောက်ထဲနေတာလား "
"မေမေနဲ့နေတာပါ မေမေက ခေါင်းရင်းအိမ်ခနသွားလို့..."
"ဟေသူလေးက အိမ်မှာဆရာမအကြောင်းအမြဲပြောတာဗျ စာသင်လည်းကောင်းတယ် ချောလည်းချောတယ်ဆိုတဲ့အကြောင်းလေ..."
"ချီးကျူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ကျွန်မဟေသူလေးကိုစာသင်လိုက်ဦးမယ်နော်..."
"ဟုတ်သားပဲ ကျွန်တော်က အလိုက်မသိဘူး ဒီလောက်နဲ့ပြန်လိုက်ပါဦးမယ် ဟေသူပြန်ပြီနော် ဦးဦးလာကြိုမယ်နော်..."