အပိုင်း ၂

359 56 3
                                    

"မဂ်လာပါ ဆရာမ "

"မဂ်လာပါ ကလေးတို့ ထိုင်ကြနော် "

ဆရာမ ဆုထက်သွင် ၄တန်းအတန်းပိုင်ဖြစ်ပေမဲ့ တကျောင်းလုံးရဲ့ အချစ်ခံရတဲ့ဆရာမတယောက်ပါ အချစ်ခံရဆို စိတ်သဘောထားကောင်းပြီး အစအဆုံးကူညီတတ်တဲ့အကျင့်လေးကြောင့်ပါ ကျောင်းအုပ်ကြီးကနေစပြီး မူကြိုကလေးတွေအထိ ဆရာမဆုထက် ဆရာမဆုထက် ဆိုပြီးချစ်နေကြတာပေါ့

ကျောင်းတတ်တဲ့နေ့ဆို ဆရာမစားပွဲမှာ ပန်းတွေအများကြီး ကလေးတွေက အိမ်ကနေယူလာပြီးခုံပေါ်မှာတင်ပေးသွားကြတာကို ဆရာမကအကုန်ပန်ရသည် မဟုတ်ရင် သမီးပေးတဲ့ဟာမပန်ဘူး သားပေးတဲ့ဟာမပန်ဘူး နဲ့ နှုတ်ခမ်းဆူသူကဆူ စိတ်ကောက်တဲ့သူကကောက်နဲ့

အဲ့တာကြောင့်ကျောင်းဖွင့်ချိန်တိုင်းမှာဆရာမခေါင်းထက် ရောင်စုံပန်းခင်းကြီးပမာဝေဆာနေသည်

"ကလေးတို့ရေ ဒီနေ့ဆရာမသင်မဲ့ အကြောင်းအရာလေးက...#$#$$##@+-?$ "

စာသင်ချိန်ပြီးသွားတာကြောင့် ဆရာနားနေခန်းထဲကသူ့နေရာလေးမှာထိုင်နေလိုက်သည် ခုံပေါ်က အမှန်ခြစ်မည့်စာအုပ်တွေကိုလည်းသေသေချာချာအမှားအမှန်ကြည့်ရင်းစစ်နေသည်

"ဆရာမ... "

ဘေးကနေ ခေါ်လိုက်တဲ့ အသံကြောင့် လှည့်ကြည့်လိုက်သည်

"သမီးဟေသူ ဘာဖြစ်လို့လဲ နေမကောင်းလို့လား "
ဆိုရင်း နဖူးပေါ်လက်ကလေးတင်ကာ စမ်းလိုက်သည် ဆရာမ ဆုထက်သွင် ဆိုတာအဲ့လိုလူစားမျိုးပင်

"ဟီးး နေကောင်းပါတယ် ဆရာမ မေမေကလေ ဖုန်းနံပါတ်တောင်းခိုင်းလိုက်လို့ "

"ဘာဖြစ်လို့လဲ သမီး ဘာလို့တောင်းခိုင်းလိုက်တာတုန်း...."

"ဟိုအဲ့တာကလေ ဆရာမကျူရှင်မှာ သမီးတတ်ချင်တယ် ပြောလိုက်လို့ ... ဟီး...."

"ဆရာမရေးပေးလိုက်ပါ့မယ်ကွယ်... ရော့ သေချာသိမ်းသွားဦးနော် သမီး "

စာရွက် အဖြူပေါ်မှာ နံမည်နဲ့ဖုန်းနံပါတ်ရေးပေးလိုက်ပြီးပေးလိုက်တော့ သေချာလေးခေါက်ပြီး ဟေသူယူသွားသည်

........

ကျောင်းဆင်းတော့ ဆုထက်သွင် တယောက် ခြင်းတောင်းလေးကိုဆွဲပြီးမောပန်းမှုအရိပ်အယောင်လုံးဝမရှိဘဲ အိမ်သို့ပြန်လာသည်

~From the eyes to the heart ~Where stories live. Discover now