အပိုင်း ၁၂

139 22 1
                                    

ဒီနေ့ကတော့ အန်တီနဲ့ ချိန်းထားတာမို့လို့ အိမ်အလုပ်များကို စောစောပြီးအောင်လုပ်ထားရင်း မနက်ပိုင်း ကျူရှင် တဝိုင်းကိုပိတ်လိုက်သည်

"သမီး အပြင်သွားစရာရှိလို့လား .."

မှန်တင်ခုံရှေ့ မပြီးနိုင်ဘဲဖီးလိမ်းနေတဲ့သမီးကိုကြည့်ရင်း မေးလိုက်သည်

"အန်တီနဲ့ချိန်းထားလို့ပါမေမေရဲ့..."

"ချိန်းလည်းချိန်းနိုင်လွန်းတဲ့အန်တီပါအေ.  သူကုမ္ပဏီကအကြီးအကဲဆိုတာငါတို့ကိုလိမ်ထားတာလားဟေ. "

"မေမေကလည်း ပြောရော့‌မယ် အန်တီကလိမ်မလား"

"မသိပါဘူးအေ ညည်းအန်တီက တနေ့တနေ့ အိမ်လာလိုက် မလာရင် အပြင်မှာနင်နဲ့ချိန်းလိုက်နဲ့ တနေ့တနေ့ အလုပ်မလုပ်ဘူးလားမသိဘူး"

"အန်တီတို့လိုလူမျိူးတွေက ကုမ္ပဏီမှာ အချိန်ပြည့်ထိုင်နေစရာမလိုဘူးမေမေရဲ့ အောက်ခြေမှာတင် သူ့ဟနဲ့သူလည်ပတ်နေတာ.."

အမေမေးတဲ့စကားမှန်သမျှကို ဆုထက် ပြုံးပြုံးဖြင့်သာဖြေနေသည် ဘယ်လိုအကြောင်းအရာမျိုးပြောပြော ပြောတဲ့အကြောင်းအရာထဲ အန်တီကတစိတ်တပိုင်းလေးပါနေရင်တောင် ဆုထက်ကျေနပ်လို့နေသည်

.......

"ဟယ် မေမေကအဲ့လိုမေးတယ်ပေါ့...."

မှာထားတဲ့ blueberry soda ကို မွှေနေရင်း အရှေ့မှာမျက်နှာချင်းဆိုင်ထိုင်နေတဲ့ဆုထက်ကိုမေးလိုက်သည်

"ဟုတ်ပါ့ အန်တီရယ် တနေ့တနေ့ အန်တီ့အကြောင်းပဲမေးနေတာ ‌ဖြေရတာလည်းမောလို့..."

"အဲ့တော့မဖြေချင်ဘူးလား..."

"ဖြေချင်တာပေါ့ စကားလုံးတိုင်းမှာ အမျိုးသမီးလေးအကြောင်းပါနေတာ မမေးရင်တောင်ဖြေချင်နေတာ..."

မှာထားတဲ့အစား‌အသောက်တွေ လာချပေးနေတာကြောင့် ပြောလက်စစကား ခနရပ်သွားသည်

"အန်တီ သမီးတို့ဟေသူလေးကိုဖွင့်ပြောကြမလား သူများပြောမှသိတာထက်စာရင် သမီးတို့ကိုယ်တိုင်ပြောတာကောင်းမယ်ထင်လို့ "

"အန်တီလေ ဟေသူလေးကိုမပြောခင် သမီးမေမေကိုအရင်ပြောချင်တယ်..."

~From the eyes to the heart ~Where stories live. Discover now