"ဦးကောင်းကြွယ် ကျွန်မကိုမလေးစားတာလား "
ရုတ်တရက်ချိန်းတဲ့ အပြုအမူကို ဒေါ်စိုးယုမေမကြိုက်သောကြောင့်မေးလိုက်ခြင်းဖြစ်သည်
"မဟုတ်ရပါဘူးဗျာ ကျွန်တော်က အလုပ်အကြောင်းလည်းဆွေးနွေးရင်း တခုခုလည်းကျွေးချင်လို့ပါ "
ပန်းကန်ထဲသို့ ဟင်းတွေထည့်ပေးရင်းပြောနေသည့် ဦးကောင်းကြွယ်ကို သူဘဝင်မကျပါ
ဦးကောင်းကြွယ်ထည့်ပေးတဲ့ဟင်းတွေကို ပန်းကန်တဖက်ကိုစုလိုက်ပြီးမစားဘဲ
"အရမ်းမထည့်ပါနဲ့ဦးကောင်းကြွယ် ကျွန်မပန်းကန်က ဝက်စာဖြစ်နေပြီ "
ရေခွက်ကိုသာ ဆွဲယူရင်း ရေတငုံသောက်လိုက်သည် အလုပ်ကိစ္စလည်းမယ်မယ်ရရမပြောဘဲ အရေမရအဖတ်မရ အကျိုးမရှိတဲ့စကားတွေသာပြောနေသည်မို့ ဒေါ်စိုးယုမေတယောက်ကိစ္စများကိုလိုရင်းတိုရှင်းသာပြောပြီး ပြန်ခဲ့လိုက်သည်
......
ဒီနေ့ ဆုထက်မေမေခွဲစိတ်ရမဲ့နေ့ပင် ခွဲရမဲ့နေ့မှာ အနားမှာရှိမယ်လို့ ကတိပေးခဲ့တာကြောင့် လာခဲ့ခြင်းဖြစ်သည်
ဆေးရုံရောက်တော့ ခွဲခန်းထဲတောင်ဝင်သွားပြီဖြစ်တာကြောင့် ကော်ရစ်တာမှာ လမ်းလျှောက်ရင်း ဘုရားစာရွတ်နေတဲ့ ဆုထက်ကိုတွေ့လိုက်ရသည်
"သမီး..."
"အန်တီ..."
သူ့ကိုတွေ့တော့ မျက်ရည်ကျလုဆဲဖြစ်တဲ့မျက်ဝန်းအိမ်ဝိုင်းဝိုင်းလေးတွေနဲ့ကြည့်နေရှာသည်
"ဘာမှမစိုးရိမ်နဲ့နော်.. ဒီက ခွဲစိတ်ဆရာဝန်တွေကကောင်းတယ် အန်တီသေချာအပ်ပေးထားတယ် "
ဆုထက် ဘာမှပြန်မပြောဘဲ ခေါင်းလေးသာငြိမ့်ရှာသည် ရင်ထဲကအပူမီးကိုအန်တီကောင်းကောင်းမြင်ရပါတယ်
1နာရီကြာခွဲစိတ်ပြီး အားလုံးအဆင်ပြေတယ်လို့ပြောတာကြောင့် ရိုးရိုးလူနာခန်းသို့ရွှေ့လိုက်သည် အန်တီလည်းဆုထက်အနားမှာ ဆုထက်စိတ်ငြိမ်တဲ့အထိနေပေးပြီးတော့မှ ပြန်ခဲ့သည်
"မေမေ သက်သာလား "
အန်တီကူညီပေးလို့ ကိစ္စတွေအခက်အခဲမရှိဘဲမေမေ့ရောဂါလည်းအရှင်းပျောက်သွားတာကြောင့် ဆေးရုံမှာ ၅ရက်ကြာခဲ့ပြီးဒီေန့ဆိုဆေးရုံကဆင်းရတော့မည်