"ဝဏ္ဏ နင်ဆင်ခြင်ရင်ကောင်းမယ်နော် "
"ဘာကိုလဲမမ "
ဝရံတာမှာဆေးလိပ်သောက်နေတဲ့ ဝဏ္ဏကို ဒေါ်စိုးယုမေ ပြောလိုက်သည်
"နင် သမီးလေးဆရာမကိုနှောက်ယှက်နေတယ်ဆို "
"မနှောက်ယှက်ပါဘူးဗျာ...."
"မင်းစိတ်ထဲမှာ နှောက်ယှက်သည်ဖြစ်စေ မနှောက်ယှက်သည်ဖြစ်စေ တဖက်လူအာရုံနောက်အောင်မလုပ်ရဘူး ငါ့မောင်.."
"အာရုံနောက်အောင်လည်းမလုပ်ပါဘူးဗျာ ကျွန်တော်ကသူ့ကိုစိတ်ဝင်စားလို့ပါ..."
သောက်လက်စဆေးလိပ်ကို ဝရံတာဘောင်ပေါ်သို့ ဖိခြေလိုက်ရင်း ဆေးလိပ်တိုကို အိမ်အောက်ထပ်သို့ပစ်ချလိုက်သည်
"ပြီးတော့ အပျိုလူပျို ရည်းစားစကားပြောမှာပဲ သူကဘာတွေဖြစ်နေတာလဲ.."
"သူက ဆရာမလေ သူ့အသိုင်းအဝိုင်းမှာသူ့ဂုဏ်သိက္ခာရှ်ိတယ် မင်းတဇွတ်ထိုးလုပ်လို့မရဘူး "
"လုပ်သင့်ရင်လုပ်ရမှာပဲ မမ အဲ့ဆရာမကို ကျွန်တော်ရအောင်ယူပြမယ် မမစောင့်ကြည့်ထားလိုက် .. "
" ဝဏ္ဏ......."
ဒေါ်စိုးယုမေ လှမ်းခေါ်သော်လည်း ပြောချင်တာပြောပြီး အခန်းထဲဝင်သွားတဲ့ ဝဏ္ဏကိုကြည့်ရင်း ရင်လေးနေမိသည်
သို့ပေမဲ့ စိတ်ထဲမှာ ဝဏ္ဏထက် ဆုထက်ကိုပိုပြီးစိုးရိမ်နေမိသည်
...
"မေမေ ဒီနေ့ ကျောင်းရော ကျူရှင်ရောပိတ်လို့ သမီးဘုရားသွားဦးမယ် .."
ဆုထက် မေမေ့ကိုပြောပြီး ဘုရားကိုထွက်ခဲ့သည်
လက်ထဲမှာကိုင်စရာများတာကြောင့် လိုင်းကားမစီးတော့ဘဲ taxi နဲ့ ထွက်ခဲ့လိုက်သည်
ဘုရားရောက်တော့ ဘုရားရှိခိုး ပန်းကပ် အမွှေးတိုင်ဖယောင်းတိုင်ထွန်းပြီး မရွတ်ဖစ်တာကြာပြီဖြစ်တဲ့ သုတ်တော် တွေကိုတပုဒ်ချင်း ဘုရားပူဇော်နေသည်
"ဆရာမ.. "
ရွတ်နေတုန်း ဘေးကခေါ်သံကြောင့်လှည့်ကြည့်မိသည်
ကုသိုလ်လုပ်နေတာကို အကုသိုလ်ကောင်က ဘေးမှာဘယ်တုန်းထဲကကပ်လာလည်းမသိပါ