"မေမေ ရောက်ပြီ ဟိုနားကအိမ် "
ဆရာမအိမ်ကကျောင်းအကျော်နားလေးမှာဆိုတော့ သူတို့အိမ်နဲ့သိပ်မဝေးပါဘူး ၁၀မိနစ်ကျော်လောက်ကားမောင်းလိုက်ရင် ရောက်တယ်
သမီးညွှန်ပြရာအိမ်ကိုကြည့်လိုက်တော့ အုတ်နံရံနဲ့အိမ်ကိုသေချာခပ်ထားသည်မို့လို့ သမီးလေးကိုစိတ်ချရတာပေါ့ အိမ်ထဲဝင်လိုက်ရင်ပဲ...
ထိုင်ခုံပေါ်မှာ ခြေထောက်နှစ်ေချာင်းချိတ်ထားရင်း ကျောင်းသားတွေရဲ့စာအုပ်ကို အမှန်ခြစ်နေတဲ့ ဆရာမ သမီးလေးကိုမြင်လို့ပြုံးပြလိုက်ပြီးနောက်မှ သူရောပါလာသည်ကိုသိပြီး စာအုပ်တွေဘေးချထားပြီး ထိုင်နေရာမှထပြီးနှုတ်ဆက်လိုက်သည်
"သမီးဟေသူ လာပြီလား ... အို.... အန်တီလည်းပါလာတာကို ထိုင်ပါဦး"
"ရပါတယ် ရပါတယ် ဆရာမ သမီးလေးကိုထားခဲ့ပြီး ပြန်မှာပါ ဆင်းရင်သူ့ကြီးမေလာကြိုလိမ့်မယ်နော် "
"စိတ်ချပါရှင်...."
ဟေသူလေးကိုထိုင်ခိုင်းပြီး အန်တီ့ကိုတော့ အိမ်ရှေ့ထိရောက်အောင်လိုက်ပို့လိုက်သည် ဘေးချင်းကပ်လျှောက်ရင်းအန်တီ့မျက်နှာသေချာကြည့်လိုက်တော့ ဘယ်ဘက် မျက်ခုံးအစွန်မှာ မဲ့နက်နက်လေးတခု တစုံတခုကိုအမှတ်ရသွားသည်ထင်....
" အန်တီ ကျွန်မတို့ တနေရာများတွေ့ ဖူးလားဟင် "
ဟေသူ့မေမေ့ကို ဆရာမမေးလိုက်သည် ဆုထက်ကလူတယောက်ကိုမြင်ဖူးရင်အတော်လေးမှတ်မိနေတတ်ပါသည် အရမ်းမစိမ်းတဲ့မျက်နှာကြောင့် တနေရာရာမှာတွေ့ဖူးတဲ့မျက်နှာလိုလိုဖြစ်တာကြောင့် မေးလိုက်ခြင်းဖြစ်သည်
"အဲ...... အန်တီတော့ဆရာမနဲ့ အခုမှပထမဆုံးတွေ့ဖူးတာပါ ..."
"ဟုတ်လား.. အဲ့လိုပဲ ကျွန်မက ဒီတိုင်းမြင်ဖူးလို့မေးလိုက်တာပါ ဂရုစိုက်ပြန်ပါနော် အန်တီ "
ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ နှုတ်ဆက်စကားပြောနေတဲ့ ဆရာမကို လေးစားမိသည် ငါပညာတတ်တယ်ဆိုပြီးမာနမထားပါဘဲ လူအချင်းချင်းလေးလေးစားစားဆက်ဆံတတ်တယ်