"သမီး နောက်ဆို သူဘယ်ကိုခေါ်ခေါ်မလိုက်ပါနဲ့..."
"ဘာလို့လဲ အန်တီ...."
"အန်တီ့ကိုမေးခွန်းပြန်မထုတ်ပါနဲ့ အန်တီကမလိုက်နဲ့ဆိုမလိုက်နဲ့သမီး...ယောကျာ်းဆိုတာပါးစပ်ထဲကိုလက်ထည့်ပေးရင်မကိုက်တတ်တဲ့ကလေးမဟုတ်ဘူး ..."
"ဆင်ခြင်ပါ့မယ်အန်တီ...."
"သမီးပြောချင်တာဘာများလဲ ပြောလေ..."
"ဟို... နောက်တခေါက်မှပဲပြောပါတော့မယ် ရှေ့နားဆို အိမ်လည်းရောက်တော့မှာဆိုတော့...."
ဆုထက်မပြောဖြစ်ပါ သူပြောမဲ့ ဒီလိုစကားက ဒီအချိန်မှာမပြောသင့်ဘူးဆိုတာ ဆုထက် အသက်အရွယ်ရှိနေတဲ့မိန်းကလေးတယောက်အနေနဲ့ နားလည်ပါတယ်
ဆုထက်ကို အိမ်လိုက်ပို့ပေးပြီး ဒေါ်စိုးယုမေ ကားကိုခပ်ကြမ်းကြမ်းမောင်းလိုက်သည်
အိမ်သို့ရောက်ပြီး ကြီးမေကို ဟေသူလေးကိုအခန်းထဲသိပ်ပေးဖို့ပြောရင်း ဝဏ္ဏကိုလိုက်ရှာသော်လည်းမတွေ့တာကြောင့် အခန်းကိုတံခါးခေါက်လိုက်သည်
"ဝဏ္ဏ....နင် ထွက်ခဲ့စမ်း... လူလိုပြောရင်လူလိုနားမလည်တဲ့အကောင်..."
သမီးလေးနိုးသွားမှာစိုးတာကြောင့် ဒေါ်စိုးယုမေ အံကြိတ်ပြီး ခေါ်လိုက်သည်
"ဝင်လာခဲ့လေ မမ အပြင်မှာဆို မိသားစုတွေကြားသွားဦးမယ်..."
"နင်ကလေ ခုတလော စကားပြောတာတောင် အမြင်ကပ်ဖို့ကောင်းတယ်..."
"မမကို ကျွန်တော်မေးရဦးမယ် မမက ဘာလို့ဆက်ဆက်ထိမခံဖြစ်နေရတာလဲ..အပျိူ လူပျို ရည်းစားစကားပြောမှာကို မမကဘာလို့ ပိတ်ပင်နေရတာလဲ.. "
"ငါ့သမီးလေး ဆရာမမို့လို့... လူဆိုတာ သိက္ခာအရှက်ဆိုတာရှိရတယ်.. "
"သမီးလေးဆရာမ... ဒါအကုန်ပဲလား..."
ဝဏ္ဏကအဲ့လိုမေးတာကြောင့် ဒေါ်စိုးယုမေ အကြည့်စိမ်းစိမ်းကြည့်လိုက်ပြီး
"ဘာကိုပြောတာလဲ ဝဏ္ဏ..."
"အဲ့ဆရာမကို မမဆက်ဆံတာ မိတ်ဆွေအဆင့်ထက်အများကြီးပိုနေတယ် မမဆရာမကို လိုတာထက်ပိုတဲ့ ဂရုစိုက်မှုတွေတအားပေးနေတယ်.."