အပိုင်း ၁၀

144 16 0
                                    

ဆေးရုံကဆင်းတာနှစ်လရှိပြီ မေမေလည်းထူထူထောင်ထောင်ဖြစ်ပြီမို့လို့ ဆုထက်လည်း ကျောင်းအလုပ် အ်ိမ်အလုပ်များကို ပုံမှန်လုပ်နိုင်ပြီ အန်တီ့ကိုလည်းနေ့တိုင်းနီးပါးဆက်သွယ်ဖြစ်သည်

ဒီနှစ်လအတွင်း ဆုထက်ရဲ့စိတ်တွေက အန်တီ့ကိုချစ်နေတယ်ဆိုတာသေချာသလောက်ဖြစ်နေပါပြီ အန်တီ့ကိုမမြင်ရရင် တခုခုလိုနေသလို ဖုန်းမဆက်ရရင် စိတ်ထဲနေလို့မကောင်းသလိုလိုခံစားနေရသည်

အန်တီသည်လည်းဆုထက်ကိုဂရုစိုက်ပါတယ် မေမေက အညှော်ခံလို့မရတာကြောင့် သူကိုယ်တိုင်ချက်ပြုတ်ပြီး အိမ်ကိုလာပို့သည် တနေကုန်နီးပါး မေမေနဲ့စကားပြောပြီးမှပြန်သွားတတ်သည်

ခုတလော အန်တီနဲ့မျက်လုံးချင်းမဆုံရဲပါ ဆုံလိုက်တာနဲ့ ဆုထက်ရင်ထဲ အတတ်အကျမြန်ပြီး စိတ်အရမ်းလှုပ်ရှားသည်

.........

ကုမ္ပဏီ အလုပ်များကိုအိမ်မသယ်ချင်တာကြောင့် ရုံးမှာပဲ အပြီးလုပ်နေရင်း အတွေးတွေကခေါင်းထဲဝင်လာသည်

အရင်ကစကားပြောရင် မျက်လုံးချင်းဆုံပြီးပြောတတ်တဲ့ဆုထက်ဟာ ခုနောက်ပိုင်းမျက်နှာလွှဲနေတတ်တယ်ဆိုတာ အန်တီသတိထားမိသည်

သမီးကိုတွေ့ချင်တာကြောင့် ဟင်းချက်ပို့ရင်တောင် စနေတနဂ်နွေပဲပို့ဖြစ်သည် အမေနဲ့စကားပြောရင် မလှမ်းမကမ်းမှာသူ့ကိုမျက်တောင်မမှိတ်ဘဲကြည့်နေတဲ့သမီးကိုလည်း မျက်ဝန်းတောင့်ကနေမသိမသာအမြဲတွေ့ရသည်

" ဘာတွေတွေးနေတာလဲ စိုးယုမေရယ်.. မဖြစ်နိုင်တာတွေ.. သမီးဆရာမလေ ပြီးတော့ ယောကျာ်းလေးမဟုတ်ဘဲ မိန်းကလေးတယောက်ပါ "

အလုပ်မပြီး‌ေသး‌‌ေပမဲ့ လက်စသတ်ပြီး အိမ်သို့ပြန်ခဲ့လိုက်သည်

.....

ဒီအပတ် စနေနေ့ကတော့ အရေးကြီးအ‌စည်းအဝေးရှိတာကြောင့် သမီးဆီသို့မသွားဖြစ်ပါ

အစည်းအဝေးက အပြင်မှာ ဖစ်တာကြောင့် မီးပွိုင့်မှာကားစောင့်ရင်း ဘေးဘီကြည့်လိုက်မိသည်

ကော်ဖီဆိုင်ထဲ သမီးနဲ့ကောင်လေးတယောက် ရယ်မောပြီးစကားပြောနေတာကို မြင်လိုက်ရသည် စိတ်ထဲဝမ်းနည်းသလိုတခုခုခံစားလိုက်ရပြီး မျက်နှာလွှဲလိုက်သည်

~From the eyes to the heart ~Where stories live. Discover now