"hello မမ အလုပ်တွေအဆင်ပြေရဲ့လား".
ရုံးခန်းထဲသို့ခွင့်မတောင်းဘဲဝင်လာတဲ့ ဝဏ္ဏကို ဒေါ်စိုးယုမေ မျက်တောင့်နီနဲ့ ကြည့်လိုက်ပါသည်
"ခွင့်တောင်းပြီးမှဝင်ရမယ်ဆိုတာ နားမထောင်ဘဲ အတင်းဝင်သွားလို့ပါ..."
"ရတယ် မြမှူး အလုပ်သွားလုပ်တော့နော်..."
"မမ ရက်စက်တယ်ဗျာ ဧည့်သည်ကို ကော်ဖီမုန့်နဲ့တောင်ဧည့်မခံဘူး"
"၀ဏ္ဏ ဘာကိစ္စရှိလို့လဲ "
"ကိစ္စရှ်ိမှလာရမှာလားဗျာ မောင်နှမတွေပဲကို"
"တခြားမောင်နှမတွေတော့မပြောတတ်ဘူး နင်ကကိစ္စရှိမှလာတဲ့လူလေ စကားတွေရှည်မနေနဲ့ ပြောချင်တာကိုပြော ငါအလုပ်ရှိသေးတယ်.."
"ကျွန်တော် ငွေလိုလို့ အဲ့တာ ၁၀ပုံးလောက်.."
"မပေးနိုင်ဘူး နင့်ကို၁ပုံးတောင်မသထာဘူး "
"မမကျွန်တော့ကိုအဲ့လိုလုပ်လို့မရဘူးဗျာ ပေးမှာလားမပေးဘူးလား"
"နင့်ဟာဓားပြတိုက်နေသလိုပါပဲလား ..နင်ငါ့အကြောင်းမသိဘူးလား ဒေါ်စိုးယုမေ စကားတခွန်းကိုနှစ်ခါမပြောဘူး.. မြမှူး ဧည့်သည်ပြန်မယ် လိုက်ပို့လိုက်ပါ "
"ဟိုးဟိုး နေပါဦး ကျွန်တော် ဒီစာလေးပဲပေးပြီးပြန်မှာပါ.. အဲ့ခါကျရင် မမ ကျွန်တော့်ကိုအရင်ဆုံးဆက်သွယ်လာလိမ့်မယ်.."
စာအိတ်တခုကို စားပွဲပေါ်တင်လိုက်ပြီး လေချွန်ကာ မြောက်ကြွကြွနဲ့ထွက်သွားသည်
ဘာစာမှန်းမသိပေမဲ့လည်း မဖတ်ချင်တာကြောင့် ပိုက်ဆံအိတ်ထဲကိုပဲထည့်ထားလိုက်သည်
သမီးနဲ့လည်းမတွေ့ရတာရက်ကြာပြီဖြစ်တာကြောင့် ဟေသူ့ကို ကျောင်းသွားကြိုမယ်လို့ ကြီးကြီးကိုကြိုပြောထားပြီး အလုပ်တွေလက်စသတ်ကာကျောင်းသို့ထွက်ခဲ့သည်
သမီးကို ကျောင်းလာမယ်လို့ ဖုန်းကြိုဆက်ထားတာကြောင့် ကျောင်းမုဒ်ဦးမှာ မက်တပ်ရပ်စောင့်နေရှာတဲ့ ဆုထက် အန်တီ့ကားကိုမြင်တော့ အပြေးလေးလာပြီး ချစ်စရာအမူအရာဖြင့် ကားမှန်ချပါဦး လို့လုပ်ပြလိုက်သည်